"ခင်ဗျားရော ကျောင်းသူလေးကိစ္စဘယ်လိုထင်လဲ"

လမ်းလျောက်နေရင်း ဂျောင်ဝူးက သူ့ဘေးနားကကျောင်းစောင့်ကိုမေးလိုက်သည်။ သူမေးလိုက်တော့ ကျောင်းစောင့်က လှည့်ကြည့်ပြီး......

"ကျွန်တော်သိပ်မသိဘူး၊၊ ဒါမယ့်ဟိုတုန်းထဲက ကျောင်းမှာ ခုန်ချပြီးသတ်သေတဲ့လူတွေရှိတယ်၊၊ ခုကျောင်းသူလေးရောအဲ့လိုဖြစ်နေမလားမသိဘူး"

ကျောင်းစောင့်ပြောတာကို ဂျောင်ဝူးငြိမ်နေလိုက်သည်။ ထိုနောက် အခန်းရှေ့ရောက်တော့ .......

"ဒီအခန်းပါ   ဒီညတော့ ဒီမှာပဲနားလိုက်ပါ"

"ဟုတ်ကဲ့။ နေလိုက်ပါ့မယ်"

"ကောင်းပါပြီ"

ကျောင်းစောင့်ကအခန်းထဲဝင်သွားတော့  သူလဲလှည့်ပြီးပြန်လာခဲ့သည်။
နားနေခန်းဘက်ကိုပြန်လာတော့ စိုင်းအောင်က .....

"ပို့လိုက်ပြီလား"

"အင်း ငါအခန်းထဲခဏသွားဦးမယ်"

"အေးအေး"

စိုင်းအောင်က အခန်းထဲထွက်သွားတော့ ဂျောင်ဝူးလဲအခန်းထဲဝင်ပြီး အလုပ်စားပွဲမှာထိုင်လိုက်သည်။
ထို့နောက် ပထမဆုံးစုံစမ်းတာက  ကျောင်းသူလေးအကြောင်း။

======================

မင်းဆက် အိပ်ပျော်နေစဉ် ဖုန်းသံကြားရသောကြောင့်နိုးသွားသည်။ ဘေးဘက်ကိုကြည့်လိုက်တော့ အာကအိပ်နေတာမို့  သူဖြည်းဖြည်းလေးထလိုက်သည်။

ခါးပေါ်ရောက်နေတဲ့ အာဏာရဲ့လက်ကိုအသာလေးဖယ်ပြီး သူထလိုက်သည်။စောင်ကိုဖယ်ပြီး ကုတင်ပေါ်မှာထိုင်ကာ ဖုန်းကိုယူပြီး ကြည့်လိုက်တော့ အောင်ခန့်။

"ဟယ်လို အောင်ခန့်"

"ခေါင်းဆောင် အိပ်နေတာလား"

"အင်း နည်းနည်းနေမကောင်းလို့ စောစောအိပ်နေတာ"

အရင်ရက်ကအလုပ်ပင်ပန်းသွားတဲ့အတွက် နေမကောင်းသလိုဖြစ်နေရင်းဖြစ်သည်။

"ဘာလို့လဲအောင်ခန့်။၊တစ်ခုခုဖြစ်လို့လား"

ဒီအချိန်ကြီးဖုန်းမဆက်စဖူးဆက်နေတဲ့ အောင်ခန့်ကြောင့် မင်းဆက်ကမေးလိုက်သည်။

THE EYEWhere stories live. Discover now