မင်းဆက်ကပြောတော့အောင်ခန့်က မေးလာသည်။

"မနေ့က ခေါင်းဆောင်နဲ့ အာဏာကအတူတူသွားတာမဟုတ်ဘူးလား"

"ဟုတ်တယ်၊ ဒါမယ့် ငါကရှိုင်းလင်းနဲ့နိုင်းဆီကို တစ်ယောက်ထဲသွားတာ။ သူကဆူးခတ်ရဲ့အိမ်မှာကျန်ခဲ့တယ်"

မင်းဆက်စကားဆုံးတော့ အောင်ခန့်ကတွေးစစနဲ့

"ကြည့်ရတာ သူအိမ်မှာတစ်ခုခုတွေ့ခဲ့ပုံပဲနော်"

အောင်ခန့်မေးတော့ မင်းဆက်ကပခုံးတွန့်ပြပြီး....

"မသိဘူးလေ၊ ဟုတ်ချင်ဟုတ်မှာပေါ့ခုတော့စောင့်ကြည့်ရုံလေးပဲ"

"အင်း"

ထို့နောက် မင်းဆက်က အခန်းထဲဝေ့ကြည့်လိုက်တော့ ဂျောင်ဝူးက သူ့နေရာမှာသူgameဆော့နေသည်။

"စိုင်းအောင်ရော"

"အာ သူကအပြင်ထွက်သွားတယ်။ မနက်စာကျွန်တော်တို့စားဖို့သွားဝယ်ဆိုမယ်ဆိုပြီး"

"ဩော်"

ထိုစဉ် စိုင်းအောင်ကတံခါးဖွင့်ကာအခန်းထဲဝင်လာသည်။ လက်ထဲမှာမုန့်ထုတ်တွေနဲ့ ဝင်လာ၏။

"ဒါမှာ စားချင်တဲ့လူတွေစားလို့ရပြီ"

ကော်ဖီဗူးတွေ၊ ပီဇာတွေ စုံစိနေအောင်ဝယ်လာပြီးတော့ မင်းဆက်တို့ထိုင်နေတဲ့ စားပွဲပေါ်သို့လာတင်ပေးသည်။ မင်းဆက်လဲ စားစရာတွေချပေးနေတဲ့ စိုင်းအောင်ကူပြီးချပေးလိုက်သည်။

"ဟေ့ကောင် ထပြီးလုပ်စမ်း ။ သောက်ပျင်း"

"ချီးပဲ လုပ်မှာပေါ့"

အောင်ခန့်က ထပြီးကူညီကာ စားစရာများကိုပြင်ဆင်ပေးသည်။

"အာ ဒီမှာ လူတစ်ယောက်လာပေးသွားတာ အာဏာကိုပေးပေးပါတဲ့"

စိုင်းအောင်က လက်ထဲကစာအိတ်ထုတ်ကိုမင်းတင်ကိုပေးလိုက်သည်။ အသားရောင်စာအိတ်ထုတ်ကိုမင်းဆက်ယူပြီး ဖောက်ကြည့်ရန်ပြင်စဉ် ဖုန်းလာ၍ ကြည့်လိုက်တော့ အာဏာ။

"အာဏာ ပြော"

"စာအိတ်ထုတ်ရောက်လားကိုကို"

THE EYEWhere stories live. Discover now