မင်းဆက်ထိုင်နေသောနေရာမှ သွေးများအိုင်နေ၍ အာဏာအမြန်အနားကိုသွားကြည့်မိသည်။မျက်လုံးမှိတ်ကာ ထိုင်နေသောမင်းဆက်က ဗိုက်ကိုလက်နှင့်ဖိထားသည်။လက်ကြားထဲမှသွေးမျာထွက်နေ၍ အာဏာ မင်းဆက်၏ရှေ့တွင်ဒူးထောက်ကာထိုင်ချလိုက်သည်။
ထို့နောက်တုန်လှုပ်စွာနှင့် ငြိမ်သက်နေသောမင်းဆက်၏ လက်ကိုဖယ်ကြည့်လိုက်သည်။လက်သည်အလွန်အေးစက်နေပြီးလုံးဝဖယ်မရပေ။
အာဏာ ထိတ်လန့်စွာနှင့် မင်းဆက်ကိုကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည်။ မျက်လုံးအိမ်သည်တည်ငြိမ်စွာပင်။
ရုတ်တရက်ထိုမျက်လုံးအိမ်သည်အဖြူရောင်ပြောင်းသွားပြီးအနီရောင်သွေးများစီးကျလာသည်။ ပါးစပ်ဟလိုက်သောအခါ ခံတွင်းမှသွေးများဒလဟောစီးဆင်းလာသည်။
အာဏာ အော်ခေါ်လိုက်သည်။
"ကိုကို!!"
အသိစိတ်ပြန်ဝင်လာသောအခါ သူခုတင်ပေါ်တွင်ထိုင်နေသည်။ စောင်ကိုခြုံထားလျက်ပင်။သူအိမ်မက်ဆိုတာကိုနားလည်သွားသည်။
ဘေးနားကိုကြည့်တော့ မင်းဆက်ကရှိမနေ။ အလွန်ထိတ်လန့်ကာခုတင်ပေါ်မှအာဏာ အမြန်ပြေးဆင်းလိုက်သည်။ထို့နောက် ရေချိုးခန်းထဲသို့သူပြေးဝင်လာခဲ့သည်။၊
ကျောခိုင်းကာမျက်နှာသစ်နေသောမင်းဆက်ကြောင့် သူထိတ်လန့်သွားသည်။
"ကိုကို!"
"ဟင်"
မင်းဆက်ကမျက်နှာသစ်နေရင်း နောက်ကိုလှည့်လာသည်။ အာဏာကိုမြင်တော့ ဘေးနားမှာတင်ထားသောတဘက်ကိုယူ မျက်နှာသုတ်လိုက်သည်။
"ဘာလို့လဲအာဏာ အင့်!"
သူ့ကိုပြေးဖက်လိုက်သောအာဏာကြောင့် မင်းဆက်အံ့သြသွားသည်။သူ့ကိုကျစ်နေအောင်ဖက်ထားသော အာဏာကြောင့်မေးလိုက်သည်။
"ဘာလို့လဲ "
"ကိုကိုဘယ်သွားနေတာလဲ"
"မျက်နှာသစ်နေတာလေ.... ဘာလို့လဲ အိမ်မက်ဆိုးမက်လို့လား"
မင်းဆက်က အာဏာကိုအနည်းငယ်ခွာကာမေးသည်။ အာဏာလဲ အလိုက်တသင့် ခွာပေးလိုက်သည်။
Part_19
Start from the beginning