မင်းဆက်ကပြောတော့ အာဏာကစိတ်တိုသွားဟန်ဖြင့်ပြောသည်။

"ကျွန်တော်လဲသခင်လေးပဲ ...ကျွန်တော်လဲလုပ်ပိုင်ခွင့်ရှိတယ်... ကိုကိုတားစရာမလိုဘူး!"

အာဏာကစိတ်ဆိုးပြီးပြောတော့ မင်းဆက်စိတ်ညစ်သွားသည်။ဒီလိုနေရာမျိုးကိုသူတကယ်အာဏာကိုမလိုက်စေချင်ပေ။ဘယ်လိုအခြေအနေရှိမယ်မှန်းမသိတဲ့ ကိစ္စကို သူ မလိုက်စေချင်သောကြောင့်ပြောနေရခြင်းဖြစ်သည်။

"မင်းကိုစိတ်ပူလို့ပြောနေတာအာဏာ! "

"ကိုကိုစိတ်ပူသလို ကျွန်တော်လဲစိတ်ပူတယ်.... ကျေးဇူးပြုပြီး မတားပါနဲ့ကိုကို"

သူတို့တောင်းပန်သလို ပြောနေသော အာဏာကြောင့် သူသက်ပြင်းချမိသည်။ ကြည့်ရတာပြောလို့ရမဲ့ပုံမဟုတ်ပေ။ သူ မလိုက်နဲ့လို့တားရင်တောင် ခိုးလိုက်မဲ့ပုံစံပင်ဖြစ်နေသည်။

"ကျွန်တော်တို့နဲ့တော့လိုက်ခွင့်ပေးလိုက်ပါသခင်လေး.. ကျွန်တော်တို့ရှိနေတာပဲ စိတ်မပူပါနဲ့...  ပြီးတော့ရဲတွေရော ကျွန်တော်တို့တွေရောပါတာပဲ ခွင့်ပြုပေးလိုက်ပါ"

သူတို့၂ယောက်ရဲ့ တင်းမာနေသောအခြေအနေကို မိုက်ခ်ကဝင်ပြီး ဖြေရှင်းပေးသည်။ မင်းဆက်လဲ  တားလို့မရတော့ဘဲအတူတူ ခွင့်ပြုရန်စိတ်ဆုံးဖြတ်လိုက်တော့သည်။

"ကောင်းပြီ .... မင်းအန်ကယ်မိုက်ခ်တို့နဲ့လိုက်လာခဲ့"

မင်းဆက်ပြောတော့ အာဏာကခေါင်းညိတ်ပြီးပြောသည်။

"ကျေးဇူး ကိုကို "

==============

မင်းဆက်နဲ့ အာဏာ၂ယောက်စလုံး အိမ်မပြန်တော့ဘဲ Hydraမှာပဲနေလိုက်တော့သည်။ခဏတဖြုတ်သာအိပ်နိုင်ပြီး မနက်မိုးလင်းတာနဲ့ အားလုံးပြင်ဆင်ရသည်။ Daddyတို့ကိုတော့ မင်းဆက်အကြောင်းမကြားတော့ဘဲနေလိုက်သည်။ စံအိမ်မှာ ဇေရောက်တဲ့ အတွက်Comanyကိစ္စတွေအာလုံးကို စိတ်ပူစရာမရှိပေ။

မင်းဆက် မနက်ပိုင်းရေချိုးပြီး အဝတ်အစားလဲလိုက်သည်။ဒီနေ့ သူနဲ့ဖမ်းထားသောလူနဲ့ ပွဲစားမိန်းမဆီအားသွားဖို့ပြင်ဆင်နေခြင်းဖြစ်သည်။သူ့ရဲ့ပုံစံကိုပြောင်းဖို့အတွက် ပြင်ဆင်လိုက်သည်။ သူရဲ့ပုံစံဟာ တုံးတုံးအအ ပုံစံဖြစ်စေရန် အဝတ်အစားပြောင်းလိုက်သည်။

THE EYEWhere stories live. Discover now