Ch 86- Could it be that I'm not allowed to?

209 20 0
                                    

|| Unicode ||

    ဘုန်းတော်ကြီးကျစ်ဟွေ့၏ ခြောက်ခြားဆိုးဝါးသည့်ရယ်သံထွက်လာသည့်အခါ ဝူရုန်၏ဘယ်ဘက် လက်မောင်းသည် မူန်မိူင်းဖွယ်လေထု အသက်မဲ့ဟန်အနေထားဖြင့်ဖျော့တော့ အေးစက်လာခဲ့သည်။ တစ္ဆေလက်ပေါ်လာသည်နှင့်တပြိုက်နက်ရှေးဟောင်း မြောင်ဓားတိုသည်လည်း ငွေရောင်တောက်ပကာထိုအရာအား  အညှာတာမရှိခုတ်ဖြတ်လိုက်လေသည်။ ဓားသွား၏စူးရှလှသောအော်သံသည် နေရာတစ်ခုလုံးပျံ့နှံ့သွားသည်။

   ဘုန်း!

    ဆရာသခင်လင်းယွင်ရုတ်တရက်မျက်လုံးပွင့်လာပြီး သူ၏မြင်းမြှီးတောင်ဝှေးအား လက်နှင့်ဆုတ်ကိုင်လိုက်ကာ ပတ်ဝန်ကျင်းအားစူးရှသောမျက်လုံးများနှင့်ဝေ့ဝဲကြည့်လိုက်၍ ချက်ချင်းဆိုသလိုပင် သူ၏လက်ရှိအကျပ်အတည်းနှင့် အကျိုးအကြောင်း ဖြသ်ရပ်များအားပြန်ပြောင်းတွေးကြည့်လိုက်သည်။ အမွေးလုံးလေးအားပေါင်သည် မူလတွင် ဆရာသခင်လင်းယွင်၏ပေါင်ပေါ်အိပ်နေခဲ့ခြင်းဖြစ်ပြီး ဆရာသခင်လင်းယွင်၏ရွေ့လျားမှုနောက်လိုက်ကာ ကြမ်းပေါ်ပြုတ်ကျသွားခဲ့သော်လည်း နိုးမလာပဲ ဆက်လက်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေစဲဖြစ်သည်။ စိတ်ဝိဉာဉ်ခွေးများသည် လွန်စွာခံစားသိမြင်လွယ်ကြသည် ပြင်းထန်လှသောတိုက်ပွဲမှထွက်လာသောအသံမှာ ဆရာသခင်လင်းယွင်နားဆီသို့အခန်းကိုဖြတ်၍ ဝင်လာသည့်အသံ‌ဆိုလျှင်မပြောပါနှင့်တော့ သို့တိုင် အားပေါင်နိုးမလာခဲ့သေး။

   အခေါင်းတစ္ဆေအိုကြီး!

   ဆရာသခင်လင်းယွင်၏မျက်နှာသည် စိမ်းရာမှာဖြူ နောက်ဆုံးတွင်မဲမှောင်ကာ မီးသွေးလိုမူန်မိူင်းလာသည်။ သူ၏လက်ရှိပုံမှန်မဟုတ်သော အားမရှိထုံထိုင်းနေသည့်အခြေနေကိုတွေးကာ အနည်းငယ်မျှတွေးကြည့်ရုံနှင့် မည်သူလုပ်ထားကြောင်းသိနိုင်သည်။ သူ သူ၏သွားများကို တင်းတင်းကျိတ်လိုက်သည်။

   အခေါင်းတစ္ဆေအိုကြီး!

    သူသည် ထိုအရူး ဘုရင်ကြီးအားထွက်လာမတွေ့ရပဲမနေနိုင်ဖြစ်မည်ကိုသိသည် သို့သော် သူမထင်ထားသည့်အရာမှာ ထိုသူ ဤကဲ့သို့အချိန်နှောင့်နှေးစေ၍ ဤနေရာသို့လာမည်ကိုပင်! သူတကယ်ကြီးတိုးတက်လာတာပဲ ငါကိုတောင် ဆေးခပ်ထားဖို့ နားလည်နေပြီ။ ဆရာသခင်လင်းယွင်အများကြီးတွေးကြည့်နေစရာမလို ကျိုးမိသားစုဖိတ်ကြားထားသူများထဲမှ တဝက်ကျော်ရောက်နေပြီးဖြစ်ရာ ထိုအခြေနေမှာ ရှားပါးလှသည်။  သူ၏ပေါက်ကွဲအားပြင်းသောအားသာချက်ကိုပြချင်နေသောအခေါင်းတစ္ဆေအိုကြီးအနေဖြင့် ဝူရုန်ရှေ့တွင် ထိုသူများကိုတယောက်ပြီးတစ်ယောက်ရိုက်ပြကာ သူ၏အင်းအားကိုပြသ၍ ဝူရုန်၏နှစ်သက်မှုကိုရယူမည်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now