Ch.21.1-Woof Woof Woof ?

446 92 0
                                    

Unicode

    "မင်းရဲ့မျက်လုံး"

    " အမ်?"

    ဝူရုန်တံခါးဆီသွားချင်ပေမယ့်ရပ်တန့်လိုက်သည်။ သူ့ခေါင်းအားသံသယဖြင့်မော့လိုက်ရင်း ပြင်ဆင်ချိန်တောင်မရလိုက်ပဲ ဖုချင်းလက်ချောင်းကသူဘယ်မျက်လုံးထောင့် အား လာထိလိုက်သည်။

    "အနက်ရောင်မျက်ဆံနဲ့တစ္ဆေမျက်လုံးပဲ"

     ဖုချင်း၏သေးသွယ်၍ကျောက်စိမ်းဖြူလိုလက်ချောင်းမှသန့်စင်သောအေးမြ‌မှုသည် မျက်လုံးထောင့်ကိုဖြတ်ကာ မြောင်ရွာမှပြန်လာကတည်းက ပူလောင်နေသောဘယ်ဘက်မျက်လုံးအားရုတ်တရက် အလွန်နေလို့ကောင်းသွားသည်။ ‌သူ့လက်ပြန်ရုတ်သွားသောအခါဝူရုန်အနည်းငယ်ပင် စိတ်ထိခိုက်သလိုခံစားရသည်။ သူ့ဖုန်းကိုထုတ်၍မျက်လုံးကိုကြည့်လိုက်သောအခါဖုချင်းပြောသည့်အတိုင်း အမှန်ပင်။ မူလမျက်ဆံ၏အပြင်ဘက်တွင် မသိသာသော အနက်ရောင်အဝန်းလေးရှိနေကာ စ‌နေဂြိုလ်အားပတ်နေသောဂြိုလ်ပတ်‌လမ်းကဲ့သို့ နေရောင်ထဲတွင်မီးခိုရောင်ဖျော့ဖျော့လေးဖြစ်နေရာ သေချာမကြည့်ရင်မတွေ့နိုင်ပေ။

    အနီးကပ်ကြည့်လျှင် မျက်ဆံကိုဝန်းရံထားသောမီးခိုးရောင်အဝိုင်းလေးမှာဝူရုန်ဘယ်မျက်လုံးကိုပိုကြီးစေကာ အကြီးအသေးမျက်လုံးများ ၏သက်ရောက်မူက မျက်ခွံတစ်စုံကိုပိုသိသာစေသည်။

     "ယင်ချီတွေမျက်လုံးထဲဝင်သွားရင် စိတ်ဝိဉာဉ်ပေါ်လာတယ်"

     ဖုချင်းရုတ်တရက်ပြောလာခဲ့သည်" ပထမဆုံး7ရက်ကကျော်သွားလို့ မင်းကိုယ်ပေါ်က တစ္ဆေချီတွေပျောက်သွားပေမယ့် ယင်ချီတွေကပိုသိပ်သည်းလာတယ်"

    "ငါရွာပြန်သွားလို့ဖြစ်နိုင်‌တယ်"

     ဝူရုန်အိပ်ကပ်ထဲမှ စက္ကူကြိုးကြာလေး‌အားဖုချင်းအားကမ်းပေးရင်းတွေးမနေတော့ပဲမေးလိုက်သည်" မင်းဘယ်လိုထင်လဲ?"

    ချောက်ကမ်းပေါက်အောက်ပြုတ်ကျစဉ်က တစ္ဆေကြီးမှာ သူ့နှလုံးနှင့်အသည်းကိုထုတ်ယူချင်ခဲ့သော်လည်း စက္ကူကြိုးကြာကိုမြင်သည့်အခါ ရပ်တန့်လိုက်သည်။ ဝူရုန်နိုးလာသောအခါ သူ့အိပ်ကပ်ထဲစက္ကူကြိုးကြာလေးရှိနေခဲ့သည်။ ဝူရုန် ဖုချင်းနှင့် ထိုတစ္ဆေကြီးကြားတွင်ဆက်နွယ်မူရှိမည်ဟု ခံစားမိသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now