Ch.57.1-Clooooouds

230 45 0
                                    

|| Unicode ||

ဖောက်ပြန်ခံလိုက်ရသည့် လူအိုကြီးယန်သည် ဝူရုန်အား ကြည့်ချင်မနေ။ ထိုလူအိုကြီးမှာ စိတ်သဘောထားကျဉ်းမြောင်း၍ မောက်မာပြီး ကျိုးကြောင်းမဆီလျော်ကာ ချက်ချင်းဆိုသလို သူ့အား မနာလိုမရူဆိတ်ဖြစ်သွားသည်။ သူသည် သူမအား မပျော်မရွှင်ဖြင့် ဆူပူလိုက်သည် " ချာချာ ငါ့ဆီပြန်လာခဲ့"

သို့သော် အဖြူရောင်ဝတ်စုံနှင့် ရာဂတစ္ဆေသည်တော့ သူ့အားလုံးဝကျောပေးလိုက်ကာ သူ၏ လှပသော မျက်လုံးများတွင် ဝူရုန် နှင့်သာ ပြည့်နေသည်။ သူ၏တည်ကြည်လေးနက်သော မျက်နှာကိုကြည့်၍ မဝံ့မရဲနှင့် တုန်ယင်နေကာ သူမ၏ ဆံပင်များဖြာကျနေလျက် ပိန်ပါးသောပုခုံးလေးနှင့်အလွန်ချစ်စရာကောင်းနေသည်။ သူမသည် ဂရုတစိုက်နှင့် ဝူရုန်အား မေးသည် " အာ့လူအိုကြီးက မင်းကို စိတ်ဆိုးအောင်လုပ်လိုက်တာလား?"

" စိတ်မဆိုးပါနဲ့ ငါသူ့ကိုသတ်လိုက်ရင် စိတ်ဆိုးပြေမှာလား ?"

" ချာချာ ငါ့ဆီပြန်လာခဲ့!"

ဤဟာသပြဇာတ်မှာ အမှန်တကယ် ဆက်ကလျှင်ပိုပြီးဆိုးဝါးဖွယ်ရာဖြစ်လာမည်။ လူအိုကြီးယန်သည် စိတ်ဆိုးစွာဖြင့် သူလျှာထိပ်ကိုကိုက်လိုက်သောအခါ အဖြူရောင်ပုံရိပ်မှာ သွေးနက်များအန်လာတော့သည်။ ရာဂတစ္ဆေသည် စိတ်မပျော်မရွှင်နဲ့အော်ဟစ်ပြီးနောက် အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းသွားပြီး သူကိုယ်ထဲသို့ပြန်ဝင်သွားသည်။ သို့သော် နောက်စက္ကန့်အနည်းငယ်တွင် လူအိုကြီးယန် အော်ဟစ်လိုက်ပြီး သူလက်များမှာ သွေးနှင့်ဖုံးလွှမ်းနေကာ ဆုရှောင်းမီသည်လည်းတနည်းနည်းဖြင့် အချုပ်နှောင်မှလွတ် သွားကာ တယိမ်းတယိုင်ဖြင့် ဝူရုန်ဆီ ရှိသမျှအားအကုန်ပြေးသွားကာ သူရှေ့ဒူးထောက်ပြီး နူတ်ခမ်းများတွန့်‌လိမ်လျက် "ကျေးဇူးပြုပြီးတော့ ငါသိတယ် ရွှေချည်စည်းကိုဘယ်လိုဖြေလဲဆိုတာ ..."

ဆုရှောင်းမီသည် အလွန်အားနည်းနေပြီး သူ၏နောက်ဆုံးလက်ကျန်အင်အားကုန်ဆုံးသွားကာ သူအသံမှာလည်း ယင်ကောင်တစ်ကောင်နှင့် တူပြီး သူစကားပြောမပြီးသေးခင်မှာပင် သွေးစာချုပ်ထိန်းချုပ်မှုကသူကိုယ်ထဲထပ်မံရောက်လာသည်။ ဆုရှောင်းမီ၏မျက်လုံးများ သည် မျော်လင့်ချက်ပျောက်ဆုံးကာ သေဆုံးနေပြီး သူသည် တယိမ်းတယိုင်နှင့်တုန်ယင်စွာ မက်တပ်ရပ်ရန်ကြိုးဆွဲခံလိုက်သည် လူအိုကြီးယန်သည် ရာဂတစ္ဆေအား ထပ်မံဂရုစိုက်မနေတော့ပဲ ဆုရှောင်းမီ၏သွေးထွက်နေသောလက်များကိုလောဘတကြီးကြည့်ကာ မိန်းမောနေလျက် သူ၏ခြောက်သွေကာအရေခွံကွာနေသောနူတ်ခမ်းကိုလျက်လိုက်ရင်း " သွေးစာချုပ်ကိုခုခံနိုင်တယ်ဆို‌တော့ တကယ်ကိုအရမ်းကောင်းမွန်သန့်စင်တဲ့ယန်သွေးပဲ!"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now