Ch 2.2 Hungry Ghost

1.2K 159 0
                                    

Unicode

"ကလစ် "

     ပုံပျက်နေပြီး တွန့်ကောက်နေသောလက်သေးလေးတစ်ချောင်းသည် တံခါးရွက်ကိုဖောက်ထွက်၍တံခါးသော့ဆီလှမ်းလာသည်။ တံခါးကတွန်းဖွင့်ခံလိုက်ရ၍ လူကြီးတယောက်နဲ့ လူငယ်တယောက်အပြင်မှ၀င်လာသည်။ သူတို့နှစ်ယောက်လုံးသည်အမဲရောင်လေကာဂျက်ကပ်ကို၀တ်၍ အမဲရောင် လည်သာအိတ်ကို ကိုင်ထားသည်။

     လူအိုကြီးကအရပ်ပု ၍ ခါးက ကုန်းသည်။ မျက်နှာတပြင်လုံး ရှုံ့တွနေပြီး မျက်လုံး များ ကတိမ်စွဲနေသည်။ သူ့ကျောဘက် သည် ကလေးတယောက်ရှိနေသကဲ့သို့ လေကာဂျက်ကတ်က ဖောင်းပွနေသည်။ ပုံပျက်နေသောလက်အသေးလေး က ထိုလူကြီး၏ လေကာဂျက်ကတ်အောက် ပျောက်ကွယ်သွားသည် ကို သူမ၏ နောက်ကနေ ဆင်းလာသော ဝူရုန် ကတွေ့ လိုက်သည်။

     တခြားတဖက်မှာတော့ လူငယ်လေးကပိုသာမာန်ဆန်လေသည်။ သူသည် မျင်မှာအောက်ပိုင်းတခုလုံး ကို မျက်နှာဖုံး ဖြင့် တင်းတင်ကြပ်ကြပ် အုပ်ထားလေသည်။

     " ဟလို ပြည်သူ့လုံခြုံရေး အပိုင်း ၇ ကပါ။ ငါက အထူးရဲအရာရှိ ကျိူးရွှမ် သရဲအမှတ် 1682ပါ "

      ကျိူးရွမ်သည် လည်သာအနက်မျက်နှာပြင်တွင် ငွေရောင်ရှိသော ရဲ၀န်ထမ်းကဒ်ကို စုန်းအမေအို နှင့် ဝူရုန်ရှေ့ ထုတ်ပြလာသည်။ သူ့ဘေးရှိ လူကြီးသည် စကားတခွန်းမှ ၀င်မပြောပဲ ဝူရုန်ကိုသာ မူန်မိူင်း၍ဝေဝါးနေသည် အကြည့်တို့ဖြင့် စိုက်ကြည့်နေသည်။

     " ညနေ 6:15:32 ၊ ယန်ကျာဖင်းစင်္ကြလမ်းပေါ်ရှိ လူနေအဆောက်အုံတစ်ခုမှာ ဝူလုံ ခရိုင် စံနူန်းထက်ပိုတဲ့ သဘာ၀လွန်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။ စောင့်ကြည့်မူ‌များအရ ဒါက D အဆင့်ရှိ‌တဲ့ ပြန်လည်ဖြစ်တည်မူ တစ်ခုဖြစ်ပွားခဲ့တယ်လို့သတ်မှတ်ကြတယ်။ ဘေးဒုက္ခဖြစ်ရပ်များ ပျံ့ပွားမူကို ကာကွယ် ဒီနေရာကို စစ်ဆေးရေး၀င်မှာမို့ ကျေးဇူးပြု၍ ပူပေါင်းပေးပါ။ "

     အေးစက်နေသောမိုးစက်များက သူ့မျက်နှာကိုလာစင်သောအခါ ရိုက်နှက်စွန့်ပစ်ခံထားရသောရွမ်အန်းတယောက် ညအမှောင်တွင် သတိရလာသည်။ သူသည်အမိူက်ပုံထက်တွင် လဲလျောင်းနေတာဖြစ်သည်။ ညစ်ပတ်နံစော်၍ သူအင်္ကျီအဖြူရောင်ကလည်း မြေကြီးရောင်ဖြစ်နေလေသည်။ ခန္ဓကိုယ် တစ်ခုလုံးက ကြောင်ဖို့ကောင်းသောဒဏ်ရာများနှင့် ပြည့်နေလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now