Ch 2.3 Hungry Ghost

1K 157 1
                                    

Unicode

     " ဝူန်ရုန် လင်းဝမ်ဝမ် ငါ့ကိုစောင့်နေလိုက် "

ရွှမ်အန်း တယောက် အံကြိတ်၍ အိပ်ပျော်ရန်ကျိန်ဆဲလိုက်သည်။ ဒါပေမယ့် မကြာမီ သူသည် တွန့်လိမ်၍ မြေပြင်ပေါ်တွင်ရူးသွပ်စွာ လှိမ့်နေလေသည်။ အိပ်ရာ အစွန်းကိုသူခေါင်းနှင့်တထုက်နေလေသည်။ ရာတ်တရက်သူ့မျက်လုံးများပွင့်လာသည်။
     " မဟုတ်ဘူး၊ ငါ့ကိုမသတ်ပါနဲ့ ၊ဝူရုန်ငါ့ကိုမသတ်ပါနဲ့ ၊ငါတမင်ရည်ရွယ်ပြီး တွန်းတာမဟုတ်ပါဘူး၊ ငါမင်းကိုသတ်တာမဟုတ်ဘူး ဝူရုန်ငါ့ကိုလွတ်ပေးပါ။ အား အား အား အား  အရမ်းနာတယ် ခွေးတွေ ငါ့ကိုမကိုက်နဲ့ ဝူရုန် ဝူရုန် မင်း ငါ့ကိုလွတ်ပေး၊ ငါ့ကိုလွတ်ပေး "
    ရွမ်းအန်းသည် အိမ်မက်ဆိုးများနှောက်ယှက်ခံနေရသည်။ သူ့မျက်လုံးများက ငြိမ်နေပြီး သူကရုန်းကန်နေသည်။ သူ၏ကြောင့်လန့်တကြား အော်ဟစ်မူသည် အပြင်ဘက်ရှိခွေးများဟောင်လာပြီး ကြောင်များလန့်၍ခုန်လာစေသည်။ နိုးလာသောအကိုကျားသည် ဒေါသတကြီးတံခါးကို ကန်ဖွင်၍ ရွမ်အန်ကို ကော်လံမှဆွဲတာ အားနှင့်ဖြတ်ရိုက်လိုက်သည်။ "  မင်းရဲ့ဘိုးဘွားဝိဉာဉ်ကို ညဘက်ကြီးခေါ်နေလိုက် ။ မင်းတကယ်သေချင်နေရင် ငါကူညီပေးမယ် "

၂ချက်ဖြတ်ရိုက်ခြင်းက သူ့ကိုနိုးသွားစေသည်။ သူသည် ရေမရှိသော ငါးကဲ့သို့ ဖြူဖျော့မောဟိုက်နေသည်။ သူ့မျက်နှာသည်ငေးကြောင်၍ ကြောက်လန့်နေသည်။ " လျှို့၊ လျှို့ဟူ ၊မင်းကိုဝူရုန်ခွေးတွေ သေအောင်ကိုက်ပြီမလား ? ၊ငါကရောသေပြီလား ?"

"ဝုတ် ဝုတ်"

     မသန်စွမ်းနေသောခွေးလေသည် အိပ်ယာတဖက်ကနေတက်လာ၍ သူ့၏အနက်ရောင်အမြီးတိုလေးကို ပန်းကဲ့သို့ ဝေ့ယမ်း ကာနှံ့ နေပြီး ရွှမ်အန်းကို သိလိုစိတ်ဖြင့်စူးစမ်းနေသည်။ ဘယ်သူကထင်မလဲ ရွှမ်အန်းကကြောက်လန့်တကြားတွန်ဆုတ်ကာနောက်သို့ဆုတ်ပြေးလိမ့်မယ်လို့ " အား အား အား အား ထွက်သွား ငါ့ကိုမကိုက်နဲ့ ငါ့ကိုမစားနဲ့ ဝူရုန် ဝူရုန် ကျေးဇူးပြုပြီး ငါ့ကိုလွတ်ပေးပါ၊ ငါ့ကိုလွတ်ပေးပါ။"

     " မင်းအဖွားကိုသွား‌လုပ် "
လျို့ဟူ စိတ်တအားတို ပြီး ဖြတ်ရိုက်လိုက်သောအခါ ရွှမ်အန်းပါးစပ်တခုလုံး သွေးပြည့်သွားလေသည်။ သူပါးစပ်ဟလိုက်သောအခါ သွားများကျွတ်ထွက်လာသေသည်။ အကိုဟူသည် ထိုသူကြောက်အားကြီးပြီး ဆီးတောင်မနိုင်ပဲ အဓိပ္ပါယ်မရှိတာတွေပြောတာကိုမြင်သောအခါ မူန်မိူင်းနေသော မျက်နှာဖြစ် ထွက်သွားသည် ။ ထို့နောက် အနက်ရောင်ခွေးသွေး တပန်းကန်ဖြင့် ပြန်လာပြီး ရွှမ်အန်း မျက်နှာပေါ် ပက်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now