Ch.38.1-Hiss,hiss hiss

327 65 0
                                    

|| Unicode ||

    ထိုသို့ပြောပြီးနောက်ဝူရုန်သည် စက်ရုံထဲကဖြစ်စဉ်ကို ဖုချင်းကိုပြောပြကာ ခွေးတစ္ဆေဘုရင်၏ပြန်လည်‌ မွေးဖွားမူအကြောင်းကိုပါ သွယ်ဝိူက်၍ ပြောပြလိုက်သည်။

    " အာ့တာကမင်းနဲ့တူတူပဲ ငါ့အတွက်အရေးပါတယ်"

   "မတူပါဘူး "

    ဖုချင်းအေးစက်သောလေသံဖြင့်ပြောကာ ဝူရုန်အား မျက်ခုံးများတွန့်ကြုတ်၍စိုက်ကြည့်လိုက်ကာ လျစ်လျူရူတက်သောသူ့မျက်လုံးများထဲ တွေဝေမှုအနည်းငယ်ဖြတ်ပြေးသွားပြီးနောက် အေးစက်စွာဖြင့်ထပ်ပြောသည် " အတူတူမဟုတ်ဘူး "

    " ငါတစ်ယောက်တည်းကပဲ အရေးပါတယ် "

    မင်းဘာလို့ခွေးတစ်ကောင်နဲ့ပါယှဉ်ပြိုင်နေရတာလဲ?

   ဝူရုန်ခဏမျှတိတ်ဆိတ်သွားပြီးနောက်ဆက်လက်၍ " ငါမမျှော်လင့်ထားတာက လျှို့ဟူသေပြီးရင် တစ္ဆေအဖြစ်ပြောင်းသွားမယ်ဆိုတာပဲ"

    ယန်ကျားဖင်းတွင် တစ္ဆေများစုရုံးနေမှုသည် သတ်မှတ်ထားသောအဆင့်ထက်ပင် အသေချာကိုကျော်လွန်နေပြီးဖြစ်ကာ ထိုကြောင့်ပင် ဝူရုန်သည် လျှို့ဟူ၏များပြာူလှသောလုပ်ဆောင်မှုများနောက်မှ ရည်ရွယ်ချက်ကို တွက်ဆနိုင်သည်။

    "သူလက်ပါးစေတွေက များပြာလှတဲ့ စက်ရုံအဆက်သွယ်‌တွေကို ထိန်းချုပ် ကြောင်နှင့်ခွေးတွေကနိုပ်စက်ပြီး ခွေးတွေကြောင်တွေဆီကထွက်လာတဲ့ နာကျဉ်းချက်နှင့် သွေးကိုသုံးပြီး ခွေးတစ္ဆေတွေကိုပျိုးထောင်တယ်။ ဒီတခေါက် ထင်းကန်းထဲဝင်လာတာလည်း အစီစဉ်ရှိနေရမယ် "

   အကယ်၍လျှို့ဟူသာ ထင်းကန်ထဲ၌ ရက်စက်ကြမ်းကြုတ်သည့်တစ္ဆေဖြစ်သွားမည့်အပြင် ဤထင်းကန်တိုးလာမည့် အန္တာရယ်ရှိနိုင်သည့်အဆင့်ပါပေါင်းလိုက်လျှင် သူတစ္ဆေဖြစ်လာမည်ကိုမဆိုနှင့် အခြေနေမှာ အမှန်တကယ်အန္တရယ်များသည့်အဆင့်မှ အလွန်ပြင်းထန်သည့်အခြေနေဖြစ်လာနိုင်ပြီ ဝူရုန်ပင်လျှင် တစ္ဆေတစ်ကောင်ဖြစ်လာနိုင်သည်။ အထူးသဖြင့် ထိုအရိုခေါင်းလောင်း နှစ်ခါထွက်ပေါ်လာပြီး ထွက်လာသည့်အခါတိုင်း တစ္ဆေကြီးမှ တုန့်ပြန်တက်ခြင်းက ဝူရုန်အားအထူးအာရုံစိုက်မိစေလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now