Ch.3.3 Resonance

780 126 0
                                    


Unicode

       " ကလေးတစ္ဆေဆိုတာ C အဆင့်နတ်ဆိုးဝိဉာဉ် ဆိုတာချင်တာက သူ့တုန့်ပြန်မယ်ဆို အနည်းဆုံး B အဆင့်နာကျဉ်းမူတစ္ဆဖြစ်ရမယ်။"

     "ဟမ် ? နာကျဉ်းမူတစ္ဆေ ?"

     ကျိုးရွှမ်ထိတ်လန့်စွာပြောလာသည်။ " တကယ်ပဲယန်ကျားဖင်းမှာနာကျဉ်းမူတစ္ဆေထွက်လာရင် ဗျူရိုကဆင်ဆာ တွေ အော်ဟစ်နေမှာပေါ့ ၊ ပြီးတော့အဲ့တာကနာကျဉ်းမူတစ္ဆေ ဆို ငါ့တစ္ဆေအနာက ဘာလိုမတုန့်ပြန်ရတာလဲ "

     လောင်မာသည်အကြာကြီးတိတ်ဆိတ်နေပြီးမှ ရုတ်တရက်စကားပြောလာသည်။ " ဒီနေ့တွေ့ခဲ့တဲ့ကောင်လေးကိုသိလား "

     " ဒါပေါ့။ သူ‌က ယန်ကျားဖင်းမှာကျော်ကြားတဲ့သူတစ်ယောက်ပဲလေ။ မင်းကအခုမှပြောင်းလာတာမို့ပါ။ မစ္စတာမာ။ ငါတို့အားလုံး ဝူရုန်ကိုသိတယ် "

     ကျိုးရွှမ်သည် နောင်တရနေသောလေသံဖြင့် " ဝူရုန်ကသန်မာတဲ့သူပါ တခြားသူတွေဆိုရင် ယင် ဒါမှဟုတ် ယန် အများကြီးရှိတက်ပေမယ့် သူက ယင်ဓာတ်လုံး၀မရှိဘူး။ သူကဒီထက်ပို ပြီး မသန့်စင်နိုင်ဘူး။ သူ့အသက်၁၂အရွက် ကောင်းကင်သခင်စစ်ဆေးမူ ပထမအဆင့်တောင်မအောင်ခဲ့ဘူး။ ဒါကြောင့်သရဲမွေးသူဘက် ပြောင်းသွားတာ။ ငါတို့မှာ တစ္ဆေ မွေးသူ အတွက် အ‌‌ခြေခံမရှိပေမယ့် အနည်းဆုံး ယင်အပေါ်အာရုံစိုက်ပြီး တ‌စ္ဆေသခင် ပိုကောင်းစေတာပေါ့။ ဒီကလေးက ဒီမှာပဲရပ်နေပြီး တစ္ဆေ‌ကြွက်များ သူ့ကိုလျစ်လျူရူနေရင်တောင် သူကသရဲမွေးချင် နေတုန်းပဲ "

    " အာ သူ့လက်တွေကကောင်းမွန်ပြီး တိုက်ခိုင်နိုင်ရင်တောင် စွမ်းရည်မရှိတာမို့ သူ့တဘ၀လုံး သာမာန်လူလိုပဲနေရတော့မယ် "

     " သာမာန်လူ"
     
     လောင်မာသည်ခဏမျှပြုံးလိုက်သောအခါ သူ့ပါးပေါ်ရှိ ကင်း‌ခြေများကဲ့သို့ ကြမ်းတမ်းသော အနာ တွန့်သွားလေ ပြီး သူ့ကိုယ်သူပြောလာသည်။

     " ဒီလိုသာမာန်လူမျိုး ပထမဆုံးတွေ့ဖူးတာပဲ "

    " ပြန်သွားပြီး အထက်ကို တင်ပြလိုက် ။ ဒီယန်ကျားဖင်းဒေသကို အဆင့် 3 ( အန္တာရယ်ရှိသော ) အဖြစ် ငါကသတ်မှတ် တယ်လို့‌ ပြောလိုက်ပါ။ "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now