Ch.58.1-Mi mi mi

226 41 0
                                    

|| Unicode ||

    'ဘုရင်ရဲ့ခါးကိုဖတ်ထားရတာဘယ်လိုခံစားရလဲ? ဟုန်ရှို့ဆိုတခါမှမဖတ် ဖူးဘူး '

    အခေါင်းထမ်းတစ္ဆေအိုကြီးမှာသူ့လက်ကိုအပေါ်အောက်ဝေ့ယမ်းလျက် ထိုအကြောင်းကိုစိတ်ထဲတွေးနေမိသည်။ ထိုနောက်မှာတော့ ဆရာသခင်လင်းယွင်သူ့အားခေါ်ဆောင်ကာ တစ္ဆေတစ်ကောင်နှင့် လူတစ်ယောက်တို့သည် သောင်းချီသောတစ္ဆေတို့တည်ဆောက်ထားသောတစ္ဆေဘုရင်ဝူရုန်၏ခန်းမဆောင်ရှိရာ ထောင်တုတောင်တန်းဆီသို့သွားကြလေသည်။ အခေါင်းတစ္ဆေအိုကြီးဘယ်ကသတင်းရခဲ့သည်ကိုမသိ။ တစ္ဆေဘုရင်ဝူရုန်သည်အမှန်တကယ်ပင် အရိုးပုလ္လင်ပေါ်တွင်ထိုင်နေကာ ဆုရှောင်းမီမှာ သူ့၏ဒူးခေါင်း‌ပေါ်လဲလျောင်းနေပြီး အိပ်ပျော်နေပုံရသည်။ ဆရာသခင်လင်းယွင်ထိုမြင်ကွင်းကိုမြင်သောအခါ မျက်လုံးများကာလျက် ရှောင်ထွက်သွားချင်မိသည်။ ရူးသွပ်သည့်တစ္ဆေဘုရင်ဆုရှောင်းမီသည် အခေါင်းတစ္ဆေအိုကြီးမှာ ပတ်တီးများဖြင့်အမြဲဖုံးလွှမ်းထားသကဲ့သို့ သူသည်လည်း အမြဲတမ်းမြူနက်များဖြင့်ဖုံးအုပ်ထားတက်သည်။ မည်သူမှသူ၏အစစ်မှန်ပုံစံကိုမမြင်ဖူးခဲ့‌ သို့သော် သူကိုတွေ့သွားသူတိုင်းမှာ သေသွားကြလေသည်။ သူ မသေခင်ကညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးသေဆုံးပြီးနောက်တစ္ဆေဖြစ်လာသည်ဟုဆိုသည်။ သူသည်တချိန်လုံးရူးသွပ်နေခဲ့သည်။ သူရူးသွားသည့်အခါတိုင်း သူ' အကို' ဆီသို့သွားလိမ့်မည်ဖြစ်ပြီး သူ့အကိုမဟုတ်သောတစ္ဆေများအား လုံးကိုသတ်ပစ်မည်ဖြစ်သည်။ သတ်ဖြတ်နေစဉ်အတွင်း သူ၏နည်းလမ်းမှာ ရက်စက်ကာအကြင်နာမဲ့လှသည်။ သို့သော်ထိုအချိန်တိုင်း ဆုရှောင်းမီသည် ဝူရုန်ကိုဖတ်ကာငိုလေ့ရှိသည်။ အခေါင်းတစ္ဆေအိုကြီးသည်လည်း ရူးျနတာဖြစ်ရမည် သူသည် ထိုစိတ်လူပ်ရှားဖွယ်မြင်ကွင်းကိုပင်ကြည့်ရဲသည်။ဆရာသခင်လင်းယွင်သည် တစ္ဆေနိုင်ငံတော်တွင်သူလျှိုလုပ်ခဲ့သည်မှာကြာပြီဖြစ်သော်လည်း တစ္ဆေဘုရင်ဝူရုန်ကိုသုံးကြိမ်သာမြင်ဖူးသည်။ တချိန်မှာ တစ္ဆေအားလုံးအစည်းဝေးတက်ရောက်လာပြီး သူဒူး‌ထောက်ကာအရိုသေပေးခဲ့ရသည်။ တခြားတချိန်မှာ သူ ချွမ်ယန်ကျီဖုချင်းကိုတိုက်ခိုက်ရန်တပ်ဖွဲ့အားဦးဆောင်ပြီးနောက်မှာ တစ္ဆေဘုရင်ဝူရုန်မှ သူအားဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဆရာသခင်လင်းယွင်းသည်ထိုနှစ်ကြိမ်လုံး၌ သူခေါင်းကိုငုံထားပြီး တစ္ဆေဘုရင်နှင့်မျက်လုံးချင်းပင်မဆိုင်ရဲခဲ့။ တကယ်ကိုပါပဲ စ္ဆေဘုရင်ဝူရုန်ရဲ့မျက်နှာကိုအမှန်တကယ်မြင်လိုက်ရချိန်မှာတော့ ....ဘယ်လိုပြောရမလဲ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်حيث تعيش القصص. اكتشف الآن