Ch 66 - Chirp chiiiiiiirp

210 43 1
                                    

|| Unicode ||

     တံခါးခေါက်သံထွက်လာသည့်အခိုက် ပိုင်ကုနဲ့ ဟွမ်မောင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။

    မှားရမည့်အရာတွေကတော့မှားရမှာပဲ။ဒါကလွဲလျှင်တော့ နေ့ဘက်အခါကလွှတ်ပေးလိုက်သည့် ပိုင်ကု၏ woolကူမခံမရပ်နိုင်အောင်ခံစားရမည့်အချိန်မရောက်သေးသည့်အတွက် ဒါသည် လဝန်းမျက်နှာလူနဲ့တခြားသူများမဖြစ်နိုင်။

    "မဟုတ်သေးဘူး"

    တံခါးသွားဖွင့်ရန်ပြင်နေသည့်ဟွမ်မောင်ကိုပိုင်ကုတားလိုက်ပြီးနောက် မျက်မှောက်ကြုတ်လျက် " ဗီလာအပြင်ဘက်မှာ သုံးထပ်အော်တို‌တံခါးရှိတယ် ခေါင်းလောင်းမမြည် အော်တိုတံခါးက မပွင့်ပဲနဲ့များ အပြင်ကလူကဘယ်လိုဝင်လာတာပါလိမ့်?

    ဤနေရာသည် တင်းကြပ်သောလုံခြုံရေးစနစ်ရှိသော ဗိလာဧရိယာဖြစ်ကာ အဓိကဝင်ပေါက်အားဖြတ်ပြီးမည်သူမှမဝင်လာနိုင်။

    အကယ်၍ထိုအရာသာလူမဟုတ်ခဲ့ရင်ပေါ့။

     တံခါးတွင်ခေါက်သံတချက်သာပေါ်လာပြီးနောက်တဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ သူတို့ထိုအရာမှာ ထင်ယောင်ထင်မှားဖြစ်သွားသည်လားမသိတော့ပေ သို့သော် ဧည့်ခန်းထဲမှလင်းထိန်နေသော အလင်းရောင်မှာမှိန်ဖျော့သွားပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ အနည်းငယ် အေးစက်သောလေကြောင်းတစ်ခုတိုက်ခက်လာသည် ဆိုးယုတ်ကာခြောက်‌ခြားဖွယ်ရာတစ်စုံတရာဗီလာထဲရှိနေသကဲ့သို့ပင်။

    "ဟေး ချီးပဲ ဒီလေကြောင်းကဘယ်နေရာကထွက်လာတာလဲဟ ငါ့အသားကင်ချောင်းတွေအားလုံးအေးစက်ကုန်ပြီ!"

    ‌ခြောက်ခြားဖွယ်ရာဇာတ်ဝင်ခန်းတစ်ခုကဲ့သို့အခြေနေမှ ဟွမ်မောင်း၏အော်ဟစ်သံကြောင့်‌ပျက်ဆီးသွားကာ သူသည် ဆုရှောင်းမီ၏ခေါင်းအားရိုက်လိုက်ပြီး " လူဆိုးလေး မင်းဘယ်သူရဲ့ဘီယာကိုခိုးလိုက်တာလဲ?!"

    သူ၏မူလအစမှ သာမန်လူအခြေနှင့် နိူင်းယှဉ်ရလျှင် တစ္ဆေစွမ်ရည်များလေ့ကျင့်ပြီးနောက် ဟွမ်မောင်ပို၍သတ္တိရှိလာကာ သူသည်လုံးဝပြောင်းလဲသွားတော့သည်။ အားအနည်းဆုံးဟွမ်မောင်သည် မကြောက်တက်သလို ဧည့်ခန်းထဲမှလူတိုင်းသည်လည်း ဗီလိန်များဖြစ်ကြသည်။ခွေးတစ္ဆေဘုရင်ကြီးဆိုလျှင်သူ၏လက်ဖဝါးပင်မရွေ့။ ထောင့်နားကခွေးအိပ်ရာထဲတွင်လုံး‌ထွေးကာစိတ်ကျညိုးငယ်နေသော စိတ်ဝိဉာဉ်ခွေးမှာ အင်အားအပြည့်ဟောင်သံနှင့်အတူတံခါးဆီပြေးသွားပြီး မကြာမီတွင် သူပါးစပ်ထဲတွင် အတောင်ကျိုးနေသော ခိုနှင့်အတူပြန်လာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Donde viven las historias. Descúbrelo ahora