Ch.32.1-Hiss,hiss hiss,hiss hiss?

380 72 3
                                    

|| Unicode ||

     ဆည်းဆာချိန်နေရောင်နှင့်အဟ‌ကြားလေးထဲကြည့်လိုက်သောအခါ မှောင်မဲသောနေရာကျယ်ထဲတွင် နေရာလွတ်မရှိပဲ မလိုအပ်သော စားပွဲအိုနှင့် ထိုင်ခုံများပြည့်နေသည်။အခုလေးတင်ဝူရုန်သည် စားပွဲနှင့် ထိုင်ခုံများကြားအလျင်မြန်ပြေးသွားသောအနက်ရောင်အရိပ်တစ်ခုကိုတွေ့လိုက်သည်။ ထို့နောက် ချက်ချင်းပင် စားပွဲနှင့်ထိုင်ခုံများကို ကြီးမားသောအဖြူရောင်အပိုင်းကြီးတစ်ခုက သူ့နောက်မှလိုက်ကာ ဖုံးလွှမ်းသွားသည်။ အဖြူရောင်အရာမှာအလွန်ပါးကာ ကြီးမားပြီး တူလေသည်…

     "စက္ကူစာရွက်ပုံစံရှိပြီး ဖြူဖျော့ကာကြီးမားသော လူမျက်နှာတစ်ခုလိုပဲ"

    "ဝင်သွားပြီ"

    ထိုအချိန်တွင် မှောင်မဲကာ မူန်မိူင်းသောမြေအောက် လေကာဆောင်ထဲတွင် ယဲ့ယင်းဖာ တစ်ယောက် အရူးအမူးပြေးလွှာနေသည်။ သူသည် ဖားဖိုအိုကြီးကဲ့သို့ မောပန်းနွမ်းလျှစွာအသက်ရူနေပြီး ချွေးများအလွန်အကျွံထွက်နေသော်လည်း ရယမရပ်တန့်ရဲ မျက်နှာတစ်ခုလုံးစိတ်ပျက်အားငယ်မှုနှင့်ပြည့်နေသည်။ သူနောက်မှ အန္တာရယ်နှင့် ကြောက်စရာကောင်းသည့် တည်ရှိမူက သူ့ကိုဘယ်တော့မှာဖမ်းမမီခဲ့ပေ။ သူ့ကိုဖမ်းမမိတာမဟုတ်ပဲ ကြောင်ကကြွက်ကိုဖမ်းသကဲ့သို့ ဆော့ကစားနေခြင်းသာဖြစ်သည်။ သူ၏ကြောက်ရွံမူကို ပို၍နက်ရိူင်းစေခြင်းဖြစ်သည်။

    ဒါပေါ့ သူ့မှာ ပြေးလွှားနေရုံသာရှိသည်။

    လမ်းကြားလေးမှာပျက်စီးနေသောစားပြွ ထိုင်ခုံများနှင့် ပြည့်နေကာ ယဲ့ယင်းဖာမှာ ပြေးနေစဉ်တလျှောက်ယိုင်ထိုးနေသည်။ ရုတ်တရက် သူ ချော်လဲကာ ကြမ်းပေါ်ပြင်းထန်စွာပြုတ်ကျသွားသည်။ ပြင်းထန်လှ‌ သောနာကျင်မှုကို မရုမစိုက်အားပဲ ထရန်ကြိုးစားသော်လည်း စားပွဲနှင့်ထိုင်ခုံများ ယိုင်လဲသွားရုံသာဖြစ်နေပြီး မည်သည်သက်ရောက်မှုမှမရှိပေ။

    ယဲ့ယင်းဖာတယောက် အေည်ဟစ်ငိုယို မှုနှင့် တကိုယ်လုံးတုန်ယင်နေမှုမှာ မရပ်တန့်နိုင် နောက်သို့လည်း ပြန်မလှည့်ကြည့်ဝံ့ပေ။ လေးအေများသူနောက်သို့ရောက်လာပြီး သူ့လည်ပင်းကိုပွတ်တိုက်သွားနေသည်မှာ မု‌ဆိုးမှကလူကျီစယ်နေသကဲ့သို့ပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now