Ch.39-Sihahahahahaha

314 63 0
                                    

|| Unicode ||

    ထင်းကန်ထဲဝင်လာတာ ‌တစ်ရက်တဝက်ပဲရှိသေးသည့်အပြင် ခန်ကျင်းပိုင်ကလည်း သူနောက်တောက်လျှောက်လိုက်နေခဲ့သည်။ လျှို့ဟူ လူနှစ်ယောက်က ဘယ်လိုများသတ်လိုက်ပါလိမ့် ?

    "သွားပြီး တချက်‌ကြည့်ရအောင် "

    ဆုကျင်းကျင်းကို မိန်းကလေးအိပ်ဆောင်၏ လှေကားအောက်မှာ မြုပ်နှံထားခဲ့သည်။ အသစ်ဖြစ်‌ ပေါ်လာသောတွင်းထဲကနေ သဲလွန်စအရိပ်ယောင်ရှိနေလျှင် ကျိုးကြောင်းဆီလျော်သော်လည်း ဤနေရာတွင် မည်သည်အရိပ်ယောင်မျှရှိမနေသည့်အပြင် ယင်ဓာတ်အနည်းပင်မရှိ။ ဝူရုန် ဤအဆောက်အုံတွင် နေခဲ့သော်လည်း မနေ့ညက ဤနေရာ၌ မြုပ်နုံထားသော လူနဲ့ပတ်သတ်ပြီး မည်သည့်ခံစားမှုမှမရခဲ့။

    Hiss, hiss, hiss

    လူမျက်နှာပင့်ကူမှာ နှမ်းစေ့အရွယ်ထိရောက်အောင်ကွေးကျုံ့ထားပြီး ပင့်ကူလေးနောက်တွင်ကုပ်ကုပ်လေးနေနေကာ ကြောက်ရွံစွာဖြင့် ဖုချင်း၏ဝေးရာသို့ရွေ့လျားသွားကာ ဝူရုန်အားခဏမျှ ညည်းညူပြနေလေသည်။

   မနေ့ည၌ ၎င်းသည် အိပ်ဆောင်ရှိ ဝူရုန်တို့အထပ် အပြင်ဘက်နံရံတွင်လှဲလျောင်းလျက် အပေါက်ငယ်လေးမှတဆင့် ပင့်ကူလေးကို စူးစမ်းနေခဲ့သည်။ သူရှိနေသောနေရာသည် သစ်ပင်တန်းများရှိရာဖြစ်ပြီး မြင်နိုင်လေသည်။

   လူမျက်နှာပင့်ကူမြည်သံပြုလာသည်။ သူသည် သူ့ကိုယ်သူပင် ရှင်းလင်းစွာမဖော်ပြနိုင်ထို့ ကြောင့်အနည်းငယ် ကြီးလိုက်ကညဘသူ၏ပါးလွှာသောခြေရှစ်ချောင်းဖြင့်လှမ်းလျောက်ကာ လမ်းဘေးသစ်ပင်အနီးရှိ ရေစီးကြောင်းအပေါ်ဘက်ရှိ လူဆင်းပေါက်ထဲသို့လျင်မြန်စွာဝင်ရောက်သွားသည်။ သူသည် လူဆင်းပေါက်ထဲသို့ အပေါက်ငယ်လေူများတဆင့်ဝင်ရောက်သွားပြီးနောက် ပြန်တက်လာသောအခါ သူ၏ကြိးမားသောအစွယ်များထဲတွင် အနက်ရောင်အမွှေးအမျှင်များသယ်လာခဲ့သည်။

    မြေပေါ်ကနေမည်သည်သဲလွန်စမှဖော်ထုတ်မရတာမထူးဆန်းတော့ပေ။ ဆုကျင်းကျင်းအား နေရာပေါင်းစုံဆီဖြန့်ကျက်ထားသောမြေအောက် ရေဆင်းပေါက်များရှိရာ ရေဆိုးပြွန်ထဲဆွဲချသွားခြင်းဖြစ်သည်။ ဆုကျင်းကျင်းသေပြီးနောက် အရိုးခေါင်းလောင်းဖြင့်ထိန်းချုပ်ခံရသဖြင့် သူ့၏စိတ်သည်များစွာထိခိုက်ဒဏ်ရာရသွားစေသည်။ သူမ သေသည့်နေရာတွင်သာ စိတ်ထင်မြင်ချက်ဝိုးတဝါးချန်ထားခဲ့လေမည်။ သူပတ်ဝန်းကျင်တွင် လမ်းဘေးသစ်ပင်များဝန်းရံနေသဖြင့် သူမသည် သစ်ပင်အောက်တွင်မြုပ်ထားမည်ဟုသူ့ကိုယ်သူထင်နေသည်သာ။ သူမ၏အလောင်းကိုရရှိရန် မခက်ခဲပေ။ ဝူရုန်အစိမ်ရောင် စိတ်ဝိဉာဉ်ကူကိုထုတ်ယူ၍ စ်တ်ထဲမှတဆင့် အမိန့်ပေးကာ ရေဆိုးပြွန်ထဲဝင်ရောက်စေလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Tahanan ng mga kuwento. Tumuklas ngayon