Ch.40-Chrip,chrip

314 67 2
                                    

|| Unicode ||

ဝူရုန်နှင့်ချီဖန်းဖန်း တို့သည် ညစာပတူစားရန်ချိန်းဆိုထားကြသော်လည်း တကယ်လက်တွေ့‌တွင် တော့ ဖုချင်းနှင့် သူ လမ်းခွဲခဲပြီး သိပ်မကြာမီ 2နာရီ 3နာရီလောက်တွင် ဝူရုန်ကန်တင်းသို့ရောက်သွားသည်။ ဈေးဆိုင်အများစုသည်ပိတ်သွားပြီဖြစ်ကာ ဂျုံပန်ကိတ်လုပ်နေသောတယောက်နှစ်ယောက်သာကျန်သဖြင့် ပြတင်းပေါက်နားက ခုံမှာပင် အလွယ်တကူရှာထိုင်လိုက်ကြသည်။

နှမ်းစေ့ဖြူကဲ့သို့လူမျက်နှာပင့်ကူသည်ဝူရုန်ရှေ့စားပွဲပေါ်တက်လာကာ စက်ဝိုင်းပုံဝိုင်းပတ်ကာ သူ့ကိုယ်ကို မူးဝေးအောင်လုပ်နေသည်။

'‌မွှေး‌တယ်၊ အနံ့ကောင်းလိုက်တာ ၊ဗိုက်ဆာတယ်'

လူမျက်နှာပင့်ကူသည် သူ၏ကူမဟုတ်သဖြင့် သူ၏ဝူရုန်နှင့်ဆယ်သွယ်မှုမှာဝေဝါးလေသည်။ ပထမတော့ဝူရုန်သူ၏ ပုံမှန်မဟုတ်သောမပြုမူအားသတိမထားမိ သို့သော် သူ၏ဂဏာမငြိမ်တွားသွားနေမှုသည် ပင့်ကူလေးအား စိတ်တိုစေသဖြင့် ပြင်းထန်စွာအရိုက်ခံရလေသည်။ ကျောက်ပင့်ကူနက်လေး၏အတွင်းစိတ်ကဝူရုန်အာရုံထဲဝင်လာမှသာ သူ လူမျက်နှာပင့်ကူ၏ထူးဆန်းနေမှုကို သတိပြုမိလိုက်သည်။

၎င်းအားဤကဲ့သို့လောဘတက်စေပုံပေါ်လျှင် ဤကန်တင်းတွင် တစုံတရာအရေးပါသည့်အရာရှိနေပေမည်။ တခြားတစ္ဆလည်းဖြစ်နိုင်ပေသည်။ ဒါကပဲဝူရုန်ကန်တင်းကိုစောစောလာပြီး ထွက်လာစေချင်ခြင်းဖြစ်သည်။

သို့သေည် ညမှောင်လာပြီး ချီဖန်းဖန်း ကချိန်းဆိုထားသည့်နေရာသို့သွားနေသည့်တိုင် အချိန်အတော်ကြာရှာ ဖွေနေသည့်တိုင့် လူမျက်နှာပင့်ကူမှာ ကြွက်တစ္ဆေပင်မတွေ့ရ__။ ဆရာသခင်ဟွေ့ရှင်း‌သည် မထွက်ခွာမှီ နာကျည်းချက်အသားအားလုံးကိုဖြေရှင်းခဲ့ပြီူ ကျမ်းစားများရွတ်ဆိုကာ နာကျည်းချက်များအား ဖယ်ရှားခဲ့သည်။ ကျန်တာဆိုလို့ စွန်းထင်းနေသောရေများသာရှိတော့သည်။ ဟွေ့ရှင်းနှင့်ခန်ကျင်းပိုင်တို့ ဝမ်လန်လျှို့အလောင်းအားရေစည်ထဲမှာဆယ်ယူပြီးနောက်တွင်တော့ ကိစ္စများဖြေရှင်းပြီးဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်On viuen les histories. Descobreix ara