Ch.34.1-Wuu,wuuuu

343 90 5
                                    

|| Unicode||

အမျိုးသမီးအိမ်သာထဲရှိရေဆိုးပိုက်ထဲမှာတစ်ယောက်သည် လူများ၏သွေးအနည်နှစ်များကိုဝါးမြိုပုံရသည်။သူ့အဆင့်ကိုအကဲဖြတ်ရလျှင် တ‌စ္ဆေကြီးလောက် မမြင့်လျှင်တောင် အထက်တန်းစားအဖြစ်သတ်မှတ်လို့ရသည်။ ရေဆိုးပိုက်ထဲမှာပဲမနေရပဲ အပြင်ထွက်လို့ရမည်ဆိုလျှင် နံပါတ် 444ထင်းကန်မှာ အနည်းဆုံး အန္တရယ်အဆင့် ထက်ပိုပြီး အဆင့်မြင့်မည်ဖြစ်သည်။

သူတစ္ဆေကြီး၏စွမ်းရည်ကိုစစ်ဆေးချင်သော်လည်း သူ၏အာရုံငါးပါး အပိတ်ခံထားရပြီး ဆက်သွယ်လို့မရသောကြောင့် ဝူရုန် မည်သည့်စွန့်စားမူမှ မလုပ်ဝံ့ပေ။

သူအနက်‌ရောင်ကျောက်ပင့်ကူလေးကို စက္ကူ ဘောလုံး‌လေးပေးလိုက်ကာ ပင့်ကူကျော်ပေါ်မှနေ၍ အိမ်သာဝင်ပေါက်ကို လမ်းလျှောက်စေကာ ကြည့်ရူသူများအတွက် မျက်စိ‌ဖြစ်စေသည်။ အနက်ရောင်ကျောက်ပင့်ကူလေးထွက်လာ‌ သောအခါ အစိမ်းရောင်စိတ်ဝိဉာဉ်ကူမှ၎င်းတို့ကို ဝါးမြိုလိုက်၍ထွေးထုတ်လိုက်သောအခါ ၎င်းတို့ကိုယ်ပေါ်ရှိ စွန်းထင်း‌ နေသောတစ္ဆေချီနှင့် နာကျည်းမူများက သန့်စင်သွားမည်ဖြစ်သည်။

ထင်းကန်ထဲမှ အချိန်မှာလျင်မြန်စွာကုန်နေကာ တကယ်ဘဝရှိအချိန်စီးဆင်းပုံကွာခြားပုံပေါ်လေသည်။ သူကျောက်ပင့်ကူကိုပြန်ခေါ်လိုက်ပြီးနောက် ၎င်း၏တစ္ဆေချီနှင့် နာကျည်းမူများလွင့်ပါး သန့်စင်ပြီးချိန် ည11:30ရှိနေပြီးဖြစ်ကာ ဝူရုန်တိုက်ရိုက်လွှင့်ခန်းကိုချောမွေ့စွာပိတ်လိုက်သည်။ ယနေ့ညတွင်တိုက်ပွဲတစ်ခုဖြစ်မည့်ပုံပေါ်ကာ သူတစ္ဆေကြီးကိုခုထိမဖော်ထုတ်ချင်သေး‌ပါ။ လေးထပ်မှာမျှော်လင့်ထားသလို တိတ်ဆိတ်နေပြီး အိပ်ဆောင်တံခါးမှာ ‌လူသေရုံသို့ ဦးဆောင်နေပုံပေါ်သည်။ နံပါတ် 444မှ သူ၏အခန်းဖော်များမှလွဲ၍ ဝူရုန်တယောက်မှမမြင်ဖူးပေ။

    ရုတ်တရက် သူ့နဖူးပေါ်မှ သွေးကပူလာပြန်လာကာ သူ‌ခြေလက်နှင့် အရိုးများထဲ ပျောက်ကွယ်သွားသောအပူကိုပြန်ဖြည့်ပေးလာသည်။ တခုခုကိုခံစားမိသလို ဝူရုန် အများသုံးလေသာဆောင်သို့သွားကာ လက်ရန်းမှတဆင့်ငုံကြည့်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now