Ch.44.1-Kill !Kill!Kill

286 58 0
                                    

|| Unicode ||

    သို့ပေမယ့် ဤအရာများသည် ဖြစ်တည်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပုံပေါ်သည်။ သူတို့အားလုံးသည်ဟောင်းနွမ်းကာ ချေးအညှိတက်နေ၍ ပြန်လည်အသုံးပြုရန်ပင်မတက်နိုင်။ ဒါအပြင် ထိုအရာအများစုမှာ ထူးဆန်း၍မူန်မိူင်းသော *tantricလက္ခဏာများဖြင့်ပြည့်နေသည် ( တစ်ခုက Taizang၏နယ်ပယ်ဖြစ်ပြီး တခြားတစ်ခုသည် Vajra နယ်ပယ်ဖြစ်သည်။ဂျပန်ဘုန်ကြီး ကုခိုင်သည်တရုတ်သို့လေ့လာဆည်းပူးရန်လာခဲ့ပြီး ထိုနောက်တွင်တော့ ဘုန်းကြီးများသည် Tantric Buddhism ကိုလေ့လာသင်ကြားခဲ့သည်။
  ဟွေ့ရှင်းတွင် Vajra တစ္ဆေရှိသည်။ဒါကသူထင်းကန်ထဲဝင်လာသည့်အကြောင်းအရာတစ်ခုဖြစ်နေမလား?)။ ဝူရုန်သည် ဦးခေါင်းခွံဖလားတစ်ခွက်နှင့် အက်နေသောလူအရေပြားဗုံတစ်ခုကိုတွေ့လေသည်။ ကျန်အရာအားလုံးမှာ ယင်ချီနှင့်နာကျည်းချက်များစိမ်ဝင်တိုက်စားခံနေရပြီးလက်တဖက်နှင့်တိုက်ချလိုက်ရုံဖြင့် ဖယ်ရှားပစ်လို့ရနိုင်သည်။

    ၎င်းသည် ရှေးစစ်မြေပြင်တစ်ခုနှင့်တူသည်။

    ဝူရုန်တစ္ဆေများကိုသတ်လေ သူကိုယ်ထည်မှုပို၍အေးစက်လာလေဖြစ်သည်။ မီးခိုးနက်ဝိဉာဥ်များသည် သူဘေးပတ်လည်တွင် ရစ်ဝဲလျက်ရှိနေကာ သူ့ကိုပို၍နတ်ဆိုးဆန်နေစေသည်။ အစပိုင်းတွင်ပေါ်လာခဲ့သောမှတ်ဉာဏ်အစိတ်ပိုင်းတို့မှာဝေးဝါးလာနေပြီး အချိန်တိုင်းပေါ်လိုက်ပျောက်လိုက်နေကာ ဝူရုန်၏မှတ်ဉာဏ်များနှင့် ရောယှက်လာနေသည်။ တခါတရံသူသည် မသဲမကွဲဖြင့် ရွမ်အန်းကသူ့အားသစ္စာဖောက်ကာ တစ္ဆေနယ်မြေဆီတွန်းပို့လိုက်သည်ဟုခံစားရသည်။ နောက်မကြာမီတွင်တော့ သူသည် ဤဘ၀ကထိုအချိန်ကနှင့်ကွဲပြားသည်ကိုသတိပြုမိပြန်သည်။

   တဖြည်းဖြည်းဖြင့် တစ္ဆေအရေတွက်လျော့ကျလာပြီး နာကျည်းမှုတစ္ဆေအရေတွက်တိုးပွာလာနေသည်။ တချိန်တည်းမှာပင်ဝူရုန်သည် လွင်ထီးခေါင်တောင်နှင့်နီးကပ်လာနေသည်။ သို့သော်လည်း ထိုနေရာနှင့်နီးလာလေ ယင်ချီများ ပိုအားကောင်းလာလေဖြစ်သည်။ ဝူရုန်၏မှတ်ဉာဏ်ဖရိုဖရဲဖြစ်မှုသည်ပို၍အကြိမ်ရေစိပ်လာသည်။ သူစိတ်ဝိဉာဉ်သည် အကောင်းမှအဆိုးသို့ပြောင်းလဲလာသည်။ ကံကောင်းစွာနှင့်ထိုအချိန်တွင် ချင်းလင်းကုနှင့် ကျုံးကူမှာသူကို ဆက်သွယ်ပြီး နိုးထစေလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now