Ch 77 - Meeting

173 26 3
                                    

|| Unicode ||

    ‌နယ်ခံသူဌေးကြီး၏ရွှေရောင်မှတ်ချက်ပေါ်လာသည်နှင့် ထိပ်ဆုံးသို့ရောက်သွားသည် ထိုအရာသည် သူရဲကောင်းအတွက်အခွင့်ထူးခံစားဖြစ်သည်။ သိပ်မကြာမီမှာပင် တစုံတယောက်သည် သူမ အောက်၌စာတိုတစ်ခုချန်လာသည်။

    [ ! ! နယ်ခံသူဌေးကြီးဆီမှာ လက်မှတ်အားလုံးကိုပိုင်ဆိုင်ထားတာပဲ! ဝူး ဝူး ဝူး ဘုရားရေ ငါတကယ်ကိုလေးစားသွားပြီ]

   [ဘော့စ်ရေ မင်းမှားဖတ်မိတာလား? ကျားယန်ကိုသွားတဲ့ထုတ်လွှင့်သူစာရင်းထဲမှာ ရုန်းရုန်းမပါဘူးလေ]

    [ တင်ဆက်သူလည်း ဂီတပွဲကိုသွားတာဖြစ်နိုင်တယ်! သူလည်းငါ့အကိုလေးရဲ့ဖန်ဆိုတာမသိလိုက်ဘူး qaq,ဒါပေမယ့် ရုန်းရုန်းသာငါ့အတွက်ဂီတပွဲကိုတိုက်ရိုက်လွှင့်ပေးမယ်ဆိုရင် ငါပိုင်ထားတဲ့ခွေးစာတွေအကုန်လုံးတင်ဆက်သူကိုဆုကြေးပေးပစ်လိုက်မယ်]

    [ မင်းကမဖြစ်နိုင်တာကိုတွေးနေတာပဲ ဒီလိုဂီတပွဲမျိုးကိုဘယ်တုန်းက တိုက်ရိုက်လွှင့်ခွင့်ပြုဖူးလို့လဲ? မင်းတကယ်အာ့တာကိုတွေးနေတာဆိုရင် အကိုငါးကြီးရဲ့တိုက်ရိုက်ခန်းကိုသွားတာကပိုကောင်းဦးမယ် အနည်းဆုံးတော့ခန်းမအပြင်ဆင်ကိုရူစားလို့ရသေးတယ်လေ]

    ထိုစာကိုများကိုကြည့်ရင် ချန်ချုံချုံတဖြည်းဖြည်းစိတ်ငြိမ်သွားသည်။မှန်ပေသည် အကယ်၍တင်ဆက်သူအား ပလက်ဖောင်းမှစေလွှတ်ခဲ့လျှင်တောင် သူ့တွင် ဝန်ထမ်းများအတွက်အစိမ်းရောင်ကဒ် သာရှိပေမည်။ အခုဖြတ်သွားသည့်သူ့တွင် ရင်ဘက်၌ ရွှေရောင်အမည်ကဒ်ဝတ်ဆင်ထားသည်။ သူသည် အကောင်ကြီးတစ်ယောက်ဖြစ်ရပေမည်။ သူ၏တင်ဆက်သူလေးဘယ်လိုဖြစ်နိုင်ပါမည်နည်း?

    ချန်ချုံချုံ နောင်တရစွာသက်ပြင်းချလိုက်ပြီးနောက် "ငါမှန်းတာမှားသွားတယ်"ဟု မှတ်ချတ်နေရာ၌ ရေးရန်လုပ်လိုက်သည် သို့သော် ထိုစကားလုံးများအားမရေးရသေးမီ အထူးသတိပေးချက်ထားထားသည့် ပလက်ဖောင်းမှတိုက်ရိုက်ထုတ်လွှင့်သောအကြောင်းကြားချက် ထွက်ပေါ်လာသည်။

   [တုန် တုန် မင်းစာရင်း သွင်းထားတဲ့ရုန်ရုန် လိုင်းပေါ်ရောက်လာပါပြီ!]

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now