Ch.40.1-Chrip,chrip

311 69 4
                                    

|| Unicode ||

    Puff!

    လျှို့ဟူသည်မူန်ကုတ်ကုတ်မျက်နှာထားနှင့် သွေးတလုပ်အန်လိုက်ကာ သူမျက်နှာသည်လည်း ရွှေ‌စက္ကူကဲ့သို့ဝါကြန့်ကြန့်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှလွန်စွာကြည့်ရဆိုးနေ၍ သွားများကြိတ်ထားပြီးလျက် သူ့ဟန်ချက်ကိုထိန်းထားသည်။

   " ဘာလို့အာ့လိုဖြစ်တာလဲ? အာ့တာကဘာလို့ဆုဂျင်းဂျင်းကိုသတ်လိုက်တာလဲ ?"

    "မြန်မြန်ဆက်ပြီးတူး"

    စိတ်မရှည်၍နူးညံ့သည့်အသံ‌တစ်ခုလျှို့ဟူ၏ဘယ်လက်မောင်း ဆီမှ ထွက်လာကာသူချက်ချင်းပင်ကြောက်လန့်တကြ တူရွှင်းကိုကောက်ကိုင်ကာ ဆက်လက်တူးနေလေသည်။ သူသည် ထူးဆန်းသည့်နေရာသို့ရောက်နေပြီး ကောင်းကင်သည်မှောင်မည်းကာမိူင်းညှို့နေ၍ လေထဲတွင် တခုခုကိုမီးရှို့ထားသည့်ပြာများလွှင့်နေသလို အနက်ရောင်အမူန်များလွှင့်နေလေသည်။

    လျှို့ဟူသည် ကျက်တီးတောင်၏တောင်စောင်းတွင်ရပ်နေသည်။ ထိုနေသည်အလွန်သီးခြားဆန်ကာ‌ဝေးကွာလှသည်။ လျှို့ဟူခြေထောက်နားတွင်အုတ်ဂူရိုင်းများစွာရှိနေပြီး အများစုမှာ တူးဖော်ခံထားရ၍ သူခြေထောက်အောက်မှ  တစ်ခုသာကျန်လျက် ထိုတစ်ခု၏အ‌ ပေါ်အလယ်တွင် ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုရှိနေသည်။

   လျှို့ဟူသူ့၏ခွန်အားအားလုံးသုံးကာ အနည်းငယ်မျှတူးပြီးသော်အခါ ဂူကိုဖွင့်လိုက်ပြီးနောက် ခေါင်းပြားပြားနှင့်အနက်ရောင်ပုရစ် ခုန်ထွက်လာသည်။ ထိုကဲ့သို့ပုရစ်မျိုးမှာ သေးငယ်၍နက်မှောင်ကာ ကျောမှနဖူးထိပြားချပ်နေပြီး မှောင်ရိပ်ကျသောကျောက်တုံးများအောက်နေရသည်ကိုကြိုက်ကြသည်။ သချိုင်းထဲတွင်များစွာရှိပြီး ကျေးလတ်ဒေသတွင် "အခေါင်းပြား"ခေါ်ကြသည်။ သူခုန်မထွက်ပြီး လျှို့ဟူသည်တူရွှင်းနှင့်သေအောင်ရိုက်ချလိုက်ပြီးဘေးသို့ထိုးလိုက်ကာ ပို၍ဂရုတစိုက်တူးဖော်ပြီးနောက် ခဏကြာတွင်ရပ်သွားသည်။

    "အောက်ဘက်ပိုင်းအားလုံးကအင်္ဂတေတွေကြီးပဲ"

    "ကောင်းပြီ ရပ်တော့ အင်္ဂတေကိုမတူးနဲ့ ။ အချိန်ကျလာတဲ့အခါ ကောင်းကင်ဘုရင်တောင်မင်းကိုမကယ်တင်နိုင်တော့ဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ