Ch.20.2-Woof Woof Woof

412 100 2
                                    

Unicode

     ဝူရုန်ဆေးရုံကို ဝင်လိုက်သောအခါ ဖုချင်းစကားအားနားလည်သွားသည်။

    လေးခုမြောက်ဆေးရုံ၏အကျော်ကြားဆုံးအချက်တစ်ခုမှာ သားဖွားခြင်းနှင့်သားဖွားမိယပ်ဌာနဖြစ်သည်။ ဆေးရုံအခြေနေမှာတူညီသောလည်း အရင်ဘဝနဲ့ ကွဲခြားသည်။ ဤနေရာသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက ဖောင်းကားနေသောဗိုက်များနှင့်လျော့ရဲသောအဝတ်များ ဝတ်ကာ သူတို့မိသားစုနှင့်အတူစစ်ဆေးရန်လာသောနေရာဖြစ်သည်။

     စို့သော်ဤနေရာတွင်တော့ ကြီးမားသောဝမ်းဗိုက်ကြီးများနှင့် စိုးရိမ်ကြောင့်ကြမူတွေရှိနေသောယောင်္ကျားအများစုရှိနေသည်။ ယောင်္ကျားလေးအရေတွက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအရေတွက်ထက်များသည်။

    ပထမဆုံးယောင်္ကျာ်းတစ်ယောက် ဗိုက်ပူပူနဲ့ဘေးကဖြတ်သွားစဉ်က ဘီယာဗိုက်ဟုထင်ကာ ဂရုမစိုက်ခဲ့ပေ။ ဒုတိယ တတိယ စတ္ထုတ ဗိုက်ပူကြီးများနှင့် ထွက်သွားချိန်မတိုင်မီထိပဲ။ နောက်ဆုံးမှာတော့ဝူရုန်လျစ်လျူမရူနိုင်တော့ပေ။

    အထူးသဖြင့် ယောကျာ်းတစ်ယောက်မှစိတ်အခြေနေပြိုလဲနေကာ ဖြတ်သွားသောဆရာဝန်တစ်ယောက်အားဆွဲ၍ ငိုယိုကာမေးနေသည်ကို တွေ့သွားသောအခါတွင်ဖြစ်သည်။ "ဒေါက်တာ ဒီကိုယ်ဝန်ဘယ်လောက်ခိုင်လဲ ကျေးဇူးပြုပြီး သေချာအောင်လုပ်ပေးပါ။ ငါသုံးခါလောက်ကိုယ်ဝန်ဆောင်ခဲ့ပြီးပြီ ငါထပ်မခံစားချင်တော့ဘူး"

    ဝူရုန် ???

    "လူတိုင်းတော့တစ္ဆေနဲ့ အဖွဲ့မဖွဲ့နိုင်ဘူး"

    ဖုချင်းသည် သူ့မျက်နှာအမူအယာမဲ့နေသော်လည်း သူ့အသိဉာဏ်များ လွတ်ထွက်နေသည်ကို သိ၍ ဖြည်းညှင်းစွာရှင်းပြသည်" တစ္ဆေတစ်ကောင်ကိုအလွယ်ရနိုင်တဲ့နည်းက တစ္ဆေကိုယ်ဝန်ဆောင်ပြီးမွေးမှပဲ"

    တစ္ဆေမွေးသူများမှာ တစ္ဆေနယ်မြေ၏အနက်ဆုံးအပိုင်းထိသွားကာ တစ္ဆေရိုင်းများအားရှာဖွေဖမ်းယူရသည်။ တစ္ဆေရိုင်းများမှာ အလားလာရှိပြီးကြမ်းကြုတ်၍ တန်ပြန်ခံစားရမှုလွယ်ကူကာ အလွန် တိုက်ခိုက်လိုစိတ်ပြင်းသော်လည်း မွေးရလွယ်ကူသည်။ မည်သူမဆို ထိုသိုတစ္ဆေရိုင်းများအားဖိနိုပ်နိုင်လျှင် ထိုသူတွင်ကောင်းမွန်သောကံကြမ္မာနှင့် အလွန်ကံကောင်းမှုရှိမည်ဖြစ်သည်။ ထိုသူများမှာတစ္ဆေမွေးသူများကြားတွင် လက်ရွေးစင်များဖြစ်ကာ ကျိုးရွမ်ကဲ့သို့လူမျိုးများပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now