Ch 2.1 Hungry Ghost

1.4K 177 0
                                    

Unicode

  ဝူရုန်ကအများကြီးမတွေးပါ။

      ဖုန်းသံမြည်လာကတည်းက ထိုဆာလောင်နေသောသရဲ၏ ပါးစပ်ထဲတိုက်ရိုက်ပစ်ထည့်ပေးလိုက်သည်။

     အနက်ရောင်သရဲ လာနေသော မိနစ်၀က်အတွင်း ပတ်၀န်းကျင်အလင်းရောင်က မှိန်ဖျော့သွားခဲ့ပြီး အပူချိန်ကရုတ်တရက်ကျသွားကာ အရမ်းအေးလာလေသည်။ လူတယောက်အရပ်၏တဝက်ခန့် ရှိသောအမိူက်ကန်သည် ဆွေးမြေ့အက်ကွဲလာသည် ။ နံရံများက တွန့်ခေါက်၍ကွက်တိကွက်ကျားဖြစ်နေလေသည်။ အောက်ခြေသည်ညစ်ပတ်၍ မိူတက် နေသည်။ နတ်ဆိုးစွမ်းအားများအပြင်းအထန်သက်ရောက်နေ‌ပုံပေါ်သည်။ ပြီးတော့ဝူရုန်က ထိုထဲတွင်ပိတ်မိနေသည်။ ရွေးချယ်စရာမရှိပြန်တိုက်ရမည် ဖြစ်သည်။

     ဘလိုပဲဖြစ်ဖြစ်သူတို့အားလုံးကသရဲဖြစ်နေပြီးသားမို့ တိုက်ခိုက်တဲ့အခါသူ့မှာအခွင့်ရေး ရှိလောက်မှာပါ။

"အု ဂလု"

     သရဲကဖုန်းကိုတိုက်ရိုက်ပဲမြိုချလိုက်လေသည်။ သူ့အပေါ်ပိုင်း ခန္ဓာကိုယ်သည် ဝူရုန်နောက်ကျောသို့ ရောက်လာပြီး သူ့၏ရှည်လျားပြီးညစ်ပတ်သောအနက်ရောင် လက်မောင်းများ ဖြင့် ဝူရုန်လည်ပင်းကို ညစ်ထားလေသည်။ ဝူရုန် တုန်ယင်သွားသည်။ သရဲထိထားသော နေရာတိုင်းသည် ရေခဲမုန့်နဲ့တူနေလေသည်။ အရမ်းကိုအေးနေသောကြောင့် ရေခဲကန်ထဲရောက်နေသလို ခံစား ရပြီး ရွေ့လို့မရတော့ချေ။ သူ့အသားရေသည် အအေးဓာတ်ကြောင့်ဖြူဖျော့လာပြီး နူတ်ခမ်းများကအရောင်မဲ့လာသည်။ သူသည် ပြန်တိုက်ရမည် ကိုသိသော်လည်း အသိစိတ်ကမူန်ဝါးလာပြီး သူ့ခန္ဓာ အေးခဲလာတာကို ထိန်းချုပ်ရန်မတက်နိုင်ခဲ့ပေ။

     ဆာလောင်နေသောသရဲ၏ အစိမ်းရောင်ပြည်ပုပ် များ နှင် စေးကပ်နေသော သွားရည်များက ဝူရုန်ပုခုံးပေါ်သို့ ကျလာလေသည်။ သူသည် ဝူရုန်အေးခဲပြီး မသေမီ မြိုချလိုက်ချင်ပုံပေါ်သည်။

"အား အား အား အား"

    ဝူရုန်၏စိတ်သည် စူးစူးရွားရွား စိတ်ပျက်ဖွယ်အော်သံမှ ပြန်လည် လာခဲ့သည်။ အအေးအရင်းမြစ်ပျောက်သွားသည်မို့ သူ့ခန္ဓာကိုယ် ကပြန် နွေးထွေးလာသည်။ သူ‌‌ခြေလှမ်းတချို့ တယိမ်းတယိုင် လှမ်းပြီးနောက် နောက်ပြန်မကြည့်ပဲထိုနေရာက အမြန်ထွက် သွားချင်ခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now