Ch.37-Buzz,buzz

323 68 2
                                    

|| Unicode||

ပန်းပုခေါင်းရုပ်ထုတွင် ကြည့်ကောင်းသောမျက်နှာ နက်နဲသိမ်မွေ့သောမျက်နှာသွင်ပြင်နှင့် နေနတ်ဘုရား အပိုလိုကဲ့သို့ လျော့ရဲကျနေသောရှည်လျားသည့် ဆံပင် အလိမ်အကောက်လေးများရှိသည်။ နတ်သူငယ်များလို နားရွက်ချွန်ချွန်လေးနှင့် လှပသောနူတ်ခမ်းနှင့် နူတ်ခမ်းထောင့်တွင်အပြုံးလေးတစ်ခုရှိနေလေသည်။ ယင်းကိုကြည့်ရသည်မှာ ထိပ်ပိုင်း ဆရာသခင်တို့၏လက်ရာနှင့်တူကာ သက်မွေးအထက်တန်းကျောင်း၏ အနုပညာဆောင်တွင်မပေါ်လာသင့်ပေ။လူခေါင်းရုပ်ထုက ဝူရုန်ကိုကြည့်လာသောအခါ သူ့မျက်လုံးများတွင်ဟန်မဆောင်နိုင်သောချစ်ခင်ကြင်နာမှုများရှိနေသည်။ ၎င်းမှာသိသိသာသာကို အင်္ဂတွေရုပ်ဖြစ်နေသော်လည်း တမူထူးခြားသောဆွဲဆောင်မှု‌ရှိနေကာ လူများကို နက်နက်ရိူင်းရိူင်းညှို့ယူနေလေသည်။

"မင်းရဲ့အသုံးဝင်မှုကဘာလဲ?"

အရုပ်ခေါင်း၏မျက်နှာချိုသွေးနေတာကို လျစ်လျူရူ၍ ဝူရုန် တည့်တိုးပင်မေးလိုက်သည်။

"အိုး ကျွန်တော့်ရဲ့ ကြီးမြတ်လှတဲ့ဆရာသခင်၊ စွမ်းအားကြီးလှတဲ့ သခင်ရေ။ ဒီနိုမ့်ကျလှတဲ့ ကျွန်တော်က တချို့သောအရေးမပါလှတဲ့ ရှေ့ဖြစ်ဟောတာလေးတွေလောက်ပဲလုပ်နိုင် ပြီး ကျွန်တော်ရဲ့မျက်လုံးနဲ့ မင်းဘာကို စိုးရိမ်နေတာလဲဆိုတာမြင်နိုင်တယ်ပြီးတော့ မင်းသိချင်တဲ့အရာအားလုံးကို မြင်နိုင်တယ် အဲ့တာကတကယ်တော့ ..." အင်္ဂတေရုပ်၏အသံပြောင်းသွားကာသူ၏အသံနေထားမှာ သတိအနေထားဖြစ်သွားပြီး အသံထဲတွင် အပြစ်ရှိစိတ်နှင့် ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်များပါနေကာ " ကျွန်တော်ရဲ့ဘုန်းတော်ကြီးဘဝကို ကျွန်တော်ကို တချို့သောသေးငယ်သောအရာတွေနဲ့ အန္တရယ်မရှိတဲ့ဟာသတွေကိုလုပ်ဖို့ အတင်းစေခိုင်းနေတယ်။သခင်က သခင်ရဲ့ ပညာရှိလှတဲ့ ဉာ ဏ်ကိုပဲ အသုံးပြုရမှာပဲ..."

ဝူရုန်သည် ထူးမခြားနားဖြင့်ပြောလေသည် " လူဘာသာနဲ့ ပြော "

" ဟောကိန်းမထုတ်မီတိုင်း စာတစ်ကြောင်းပြောမယ်။ အာ့စာကြောင်းကမှန်လားမှားလားဆိုတာ သခင်ခွဲခြားရမယ်။ အကဲဖြတ်မူကမှန်ရင် သခင်အတွက် ဟောကိန်းကိုထုတ်ပေးမယ် "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Où les histoires vivent. Découvrez maintenant