Ch 81-Soul Contract

165 35 0
                                    

|| Unicode ||

    ဝူရုန် ရေချိုးခန်းထဲ၌ကြားခဲ့ရသည့် နတ်ဆိုးသံစဉ်ကဲ့သို့ပင် ဤတစ်ကြိမ်တွင်လည်း မည်သည့်စာသားမျှမပါ သိမ်မွေ့ညှင်သာသံစဉ်ညည်းသံသီးသန်နဲ့အတူ စောင်းကြိုးညှင်းသံနှင့်ပါပေါင်းစပ်၍ လူတို့၏နားဆီသို့ သန့်စင်ကြည်လင်သောနွေဦးမိုးသံကဲ့သို့ တိတ်တဆိတ် လူတို့၏နှလုံးသားထဲချည်းနင်းဝင်ရောက်လာတော့သည်။ နတ်ဆိုးသံစဉ်ဟုပြောကြတာအံ့ဩစရာမဟုတ်တော့ဘူး။ ဤကဲ့သို့သောအံ့ဩသင့်ဖွယ်‌သီချင်းမျိုးသည် လူသားများသီဆိုနိုင်မည့်အရာမျိုးမဟုတ်။

    အတွေးရေယာဉ်ကြောထဲမှရုန်းထွက်လာပြီးနောက် ဝူရုန်သည် တခြားအရာများအား ထပ်မံတွေးတောမနေတော့ပေ။ ဆိုဖာပေါ်မှီလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ သူ့ကိုယ်သူအာရုံခံစားနိုင်ရန်ကြိုးစား လိုက်တော့သည်။ ပင့်ကူလေးနှင့် လူမျက်နှာပင့်ကူတို့သည် သီချင်းအပေါ်တုန့်ပြန်မှုမရှိ သို့သော် ကျုံးကူသည် သံစဉ်များအပေါ်အလွန်သဘောကျသည့်တုန့်ပြန်မှုမျိုးရှိသကဲ့သို့ ပဲ့တင်လာသောသံစဉ်ကြောင့် တုန်ယင်နေသည်။ သို့သော်ကျုံးကူ၏နှစ်သက်သဘောကျမှုသည် မြောင်လူမျိုး၏သီဆိုခြင်းအပေါ်နှစ်သက်ခြင်းမှ လာခြင်းဖြစ်သည်။ ၎င်းသည် ရှေးဟောင်းမြောင်မျိုးနွယ်ဖြစ်ပြီး ဝူမိသားစုတွင်နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းဖြစ်ရာ ဂီတအားလွန်စွာမှနှစ်သက်သဘောကျလေသည်။

    သို့သော် နတ်ဆိုးအသံသည် သူ့၏ကိုယ်ပိုင်စွမ်းအားအပေါ်သက်ရောက်မှုမရှိပေ။

    ဝူရုန် ဂရုစိုက်ဆုံး အရာမှာ တစ္ဆေကြီးဖြစ်သည်။ နတ်ဆိုး၏သီချင်းသီဆိုသံသည် တစ္ဆေများအား နှစ်သိမ့်ကာ ကုသပေးနိုင်သည်။ ကျိုးကျင်သည် Aအဆင့်အဆိုတော်တစ်ယောက်ဖြစ်ပြီး လက်ရှိဂီတပွဲ၏ဖန်တီးထားသောအနေထားကြောင့်ဖြစ်ပေါ်လာသော အားကောင်းသည့်ခံစားချက်များနှင့်ပေါင်းစပ်လိုက်ပါက ဘုရင်အဆင့်တစ္ဆေများကိုပင် သက်ရောက်မှုရှိမည်ဖြစ်သည်။ တစ္ဆေများအားလုံးသည် အစွဲလန်းကြီးကာ သွေးဆာကြသည် သူတို့၏အသိစိတ်ပြန်ရအောင်ပျိုးထောင်ခံထားရသည့် ထိပ်တန်းအဆင့်တစ္ဆေများပင် သွေးဆာခြင်းနှင့် ဖျတ်ဆီးလိုသောစိတ်ခံစားချက်များကသူတို့ဝိဉာဉ်ထဲအမြစ်တွယ်နေကာ နာကျင်၍ရောဂါပိုးကူးစက်ခံထားရသည့် ဘယ်သောအခါမှ ပြန်မကောင်းတော့မည့် ပြည်တည်နာကဲ့သို့ပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now