Ch.49-Woof woof?

263 52 2
                                    

Unicode

    ကျက်တီးတောင်ကုန်းပြိုပျက်လာပြီးချောက်ကမ်းပါးထက် တည်ရှိနေသည့် ပွဲကြည့်စင်မှာလည်းပြိုကျပျက်စီးလာလေသည်။ တစ္ဆေကြီး၏သွေးအမှတ်သားသည့် တစ္ဆေနှင့်မကောင်းဆိုးဝါးများဝင်ရောက်လာခြင်းမှကာကွယ်နိုင်သော်လည်း မြေပြိုကျပျက်စီး၍ထိခိုက်ခြင်းဆီမှ မတားဆီးနိုင်။ ချောက်ကမ်းပါးနှင့်အနီးဆုံးအပိုင်းမှစတင်ပြိုကျသွားပြီး ဆုတောင်းအလံမှပိုးသားများပြုတ်ကျလာကာ အက်ကြောင်းသည်ပင့်ကူအိမ်ကဲ့သို့ လျင်မြန်ပျံ့နှံ့လာ၍ ဝူရုန်နှင့်ဟွေ့ရှင်း ခြေဖနောင့်နားထိရောက်လာသည်။ ပွဲကကြည့်စင်မှာ သိပ်မကြီးသောကြောင့် ဝူရုန်ခဏအတွင်းထွက်ပေါက်ဆီပြေးသွားနိုင်သော်လည်း ရုတ်တရက်သူရပ်တန့်လိုက်သည်။

    Buzz buzz__

     မှိတ်တုတ်မှိတ်တုတ်အစိမ်းရောင်အလင်းတန်းမှာ ပြာလဲ့လဲ့မီးတောက်ကဲ့သို့ လင်းလက်နေပြီး ထူးဆန်းသည့်အနက်ရောင်ပိုးကောင်သူရှေ့ဆီပျံ့သန်းလာကာ သူလမ်းကြောင်းအားပိတ်လေသည်! ငလျင်၏အလယ်ဗဟို ဖြစ်သောပွဲကြည့်စင်ခေါင်မိုးဆီမှ သစ်သားပိုင်းစနှင့် အမူန်အမွှားများမြည်သံနှင့်အတူကျဆင်းလာသည်။ ဝူရုန်သည် ပွဲကြည့်စင်ထိပ် တိုင်များအစပ်တွင်ထွင်းထားသော တိရိစ္ဆာန်ခေါင်းများနှင့် ဆုတောင်းအလံများ အနက်ရောင်ပိုးကောင်၏နောက်ကျောပေါ်ပြုတ်ကျပြီးနောက် မထိခင်မှာပဲပျောက်ကွယ်သွားသည်ကို အကူညီမဲ့စွာကြည့်နေ‌လိုက်သည်။

    အနက်ရောင်ပိုးကောင်၏အရိပ်သည် ဖုန်မူန့်နှင့်မြူများထွက်ပေါ်နေပြီးမသဲမကွဲဖြစ်နေကာ အစိမ်းရောင်အလင်းဖျော့ဖျော့သာတဖျတ်ဖျတ်လက်နေ၍ အမှောင်ထဲမှတစ္ဆေမျက်လုံးမှစောင့်ကြည့်နေသကဲ့သို့ပင်။ ကျုံးကူသည် သူ၏အကြောက်တရားကို ဝူရုန်စိတ်ထဲပေးပို့ရန်ကြိုးစားနေသည်။ ၎င်းသည် အစကလိမ္မာ်ရောင်ဖျော့ဖျော့တောက်ပနေသော်လည်း အခုတွင် လုံးဝပျောက်ကွယ်သွားကာ သိသာထင်ရှားမှုမရှိသာ့်မီးခိုးဖြူကျောက်တုံးလေးတစ်တုံးကဲ့သို့ ဝူရုန်နှလုံးသားထဲနက်နက်ရိူင်းရိူင်းပုန်းအောင်းနေကာ လူပ်ရှားမှုမရှိလုနီးပါးသေ‌ဟန်ဆောင်နေလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now