Ch.24-Woof Woof Woof?Woof Woof!

408 92 3
                                    

Unicode

Trigger Warning: Animal Abuse 

     ထုတ်လွှင့်ခန်းထဲတွင် ဝူရုန်သည်ယင်ချီနှင့် ဆွဲဆောင်ထားသောတစ္ဆေများကို သူ့ဓားကိုထုတ်၍ သတ်ဖြတ်နေသည်။ သူသည်တစ္ဆေများကိုခုတ်ဖြတ်နေပြီး တစ္ဆေခေါင်းမှမြောင်ဒေါင်ကို ဆွဲယူ၍အကြီးနှင့်အသေးနှစ်ပိုင်းပိုင်းလိုက်သည်။ သူကိုယ်မှအလိုလျောက်သန့်စင်သောယင်ချီများကိုစုတ်ယူပြီးနောက် အကြီးပိုင်းအားခွေးကြီးကိုကျွေး‌၍ အသေးပိုင်းအား ခွေးဝိဉာဉ်များအတွက်ချန်ထားလိုက်သည်။

    ဒီပုံစံက ညနက်တွင်စိတ်လူပ်ရှားမူရှာဖွေသူများအားဆွဲဆောင်သွားပြီး တိုက်ရိုက်လျွင်ခြင်း၏ကျော်ကြားနူန်းမှာတဟုန်ထိုးမြင့်ပြီး ခုနလေးတင် ဂြိုလ်တုပေးပို့ထားသောသူဌေးကြီးမှာလည်း ဘော့စ်အကြီးစားဝူရုန်၏ကအဆင့်တန်းနှင့် မထိုက်တန်တော့ဟုခံစားမိကာဂြိုလ်တုအစားလေယာဉ်ပျံများပေးပို့လာသည်။

ဂြိုလ်တုသည် 500တန်ကြေးရှိပြီး လေယာဉ်ပျံသည် 1000တန်ကြေးရှိကာ အမျိုးမျိုးသောလက်ဆောင်များစွာကလည်း လွှင့်ပျံလာနေဆဲဖြစ်သဖြင့် တိုက်ရိုက်လွှင်မူ၏ဝင်ငွေမှာ 10,000ထက်ပိုဝင်လေသည်။ ရံဖံရံခါတွင်ထုတ်လွှင့်သူကဘာကြောင့်ရုပ်မပြရသလဲဆိုသည့်မေးခွန်းများတက်လာသော်လည်း မကြာမီတွင် [ ပထမဆုံးသတ်ဖြတ်မှု!] [နှစ်ကြိမ်ဆက်သတ်ဖြတ်မှု!] [ သုံးကြိမ်ဆက်သတ်ဖြတ်မှု!] ဟယသောသတိပေးချက်များအောက်ပြန်ပျောက်ကွယ်သွားကာ လူများစွာတို့မှာသက်ပြင်းချရင်း [ ဒါကပထမဆုံးအကြိမ်ထုတ်လွှင့် သူတစ်ယောက်က တစ္ဆေတွေကို ကြက်ကလေးတွေလိုသတ်ဖြတ်နေတာ မြင်ဖူးတာပဲ။ ကြိုက်လိုက်တာ။ သဘောကျတယ်ဟေ့။ စာရင်းသွင်းလိုက်ပြီ]

    [ဘာကြောင့်များ ထုတ်လွှင့်သူဆီတစ္ဆေတွေအများကြီးလာနေကြတာလဲ ။ ထိန်းချုက်ထားသလိုပဲ။ ထုတ်လွှင့်သူဆီမှာ တစ္ဆေဆွဲဆောင်တဲ့အရာများရှိနေတာလား]

     အခုဝူရုန်နောက်လိုက်နေသောစိတ်ဝိဉာဉ်ခွေးအုပ်ကဲသို့ အလွန်းသန့်စင် အလွန်ညစ်ညမ်းသောအရာများသည် တစ္ဆေများအာလွယ်လင့်တကူဆွဲဆောင်နေသည်။ ယင်နှင့် မကျေနပ်ချက်များအားဆွဲခွာပြီးနောက် သန့်စင်သောဝိဉာဉ်ကိုယ်ထည်မှအလိုလျောက် တစ္ဆေများအားဆွဲဆောင်လေသည်။ ခွေးကြီးမှာဝူရုန်ခြေလှမ်းအတိုင်းလိုက်လာနေ၍ အနည်းငယ်မချင့်မရဲဖြစ်ကာ အလိုမကျစွာ ကြည့်နေသည်။ အခုသည်သူသည်သူ့ခေါင်းကိုတွန်း၍ ဝူရုန်အားသူ့ကိုယ်ပေါ်ထိုင်စေချင်လေည်းဝူရုန်ငြင်းပယ် လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now