Ch. 6 Chicken Crowing

638 101 2
                                    


Unicode

     " မင်း အကုန်ထုပ်ပိုးပြီးပြီလာ။ ကားကငါးရက်ကြာစီးရမှာ။"

      " အစားအသောက်အ၀တ်အစား ၊ မင်းအဖွားနဲ့၀မ်းကွဲတွေအတွက်အစားသောက် အ၀တ်စားတွေကို မဖိမိစေနဲ့။ ကားစီးတဲ့အခါသတိထား ညစ်ပတ်တယ်လို့မင်းပြောလို့မရဘူး "

     ပျားပန်းခတ်မျှလူပ်ရှားနေသော ဘက်စ်ကားရုံထဲတွင် အမေဝူသည် ဝူရုန်လက်ထဲသို့ အထုပ်ကြီးငယ်တို့ထည့်ပေးရင်း တတွတ်တွတ်ပြောနေသည်။သူမသည် ခရီးသွားမည့်သူထက်ပို ၍ စိုးရိမ်နေလေသည်။

     "အာ မင်းအဖွားကို ‌မြို့ပေါ်ခေါ်ချင်တာကြာပြီ။ အဲ့အဖွားကြီးကတအားခေါင်းမာတာ။ မင်းတို့နှစ်ယောက်ခေါင်းမာပုံကအတော်တူတယ် "

     အမေဝူကသက်ပြင်းချလိုက်သည်။ အစတုန်းကဆိုရင်အချိန်ရသေးသည်။ အဖွားဝူ၏ ၉၀ပြည့်မွေးနေ့ရောက်ရန် တပတ်လိုသေးသည်။ သို့သော်ယန်ကျားဖင်းနှင့် ချင်းတုန်းနမ် လုံခြုံရေဇုန်အကွာအဝေးသည် ၅ရက်ကြာမောင်းနှင်ရပြီး သူတို့တွင် ပြင်ဆင်ချိန်၂ရက်သာအချိန်ရသည်။

     ပထမတော့ သူမသည် ဝူရုန်နဲ့အတူလိုက်သွားချင်သော်လည်း ဝူရုန်ကဆုံးဖြတ်ပြီးဖြစ်နေသည်။ အမေဝူသည် ပထမတော့ဒေါသထွက်နေပြီး သူတကယ်သွားသောအခါ စိုးရိမ်နေမိသည်။ ဖြတ်သွားဖြတ်လာများကိုကြည့်ရင်း အမေဝူသည် တိုးတိုးကပ်ပြောသည်။

     " မင်းတာအိုဘုန်းကြီးပေးတဲ့ စည်းစာသားကို ယူလာရဲ့လား "

    "ဟမ်"

     ဝူရုန်သည် သူ့ရင်ဘက်ကိုထိကြည့်လိုက်သည်။ ဖုချင်ပေးခဲ့သောစည်း တံဆိပ်ကို သူ့အမေသည် အဆောင်နဲ့တွဲချုပ်ပေးထားသဖြင့် သယ်သွားလို့ရလေသည်။

     " ဘယ်ကိုသွားကိုင်နေတာလဲ? မင်းမှာတန်ဖိုးကြီးတာပါလာတာ တခြားသူတွေမသိမှာစိုးနေတာလား?"

     အမေဝူသည် သူ့မျက်နှာကိုပုတ်လိုက်ပြီး အသံတိုးတိုးနဲ့ပြောလာသည် " အိမ်ကိုပြန်လာတာကျေးဇူးပဲ။ ဒါကတကယ်ကောင်းတာပဲ။ မင်းကို ဒီဟာပေးတာ ကံတရားပဲ။ သူနဲ့များများဆက်သွယ်ပြီး မင်းဘာသာကာကွယ်နိုင်ရင် မြှောင်ရှင်းကိုအဝေးကြီး သွားနေစရာမလိုဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now