Ch.36-prprpr

332 73 1
                                    

|| Unicode ||

    ဘုန်းကြီးလေး၏မျက်နှာသွင်ပြင်မှာရေပြင်သို့ငြိမ်စက်၍ အရိုး‌တစ္ဆေညွှန်ပြသောနေရာသို့မကြည့်ပဲ‌ဖြည်းညှင်းစွာဆိုသည် "တ‌စ္ဆေလိုဟန်ဆောင်မနေနဲ့ ဒီလိုလှည့်စားမူမျိုးက ခေတ်နောက်ကျနေပြီ"

    "Jie Jie jie Jie လှည့်စားမှု?"

     အရိုးတစ္ဆေဘုရင် ကြမ်းတမ်းစွာရယ်၍ မကျေမနပ်ဖြင့်သူ့အားအော်ပြောလေသည် " လူအုပ်ထဲတစ္ဆေတစ်ကောင်စိမ့်ဝင်နေတာတောင်မသိပဲ နေရာတိုင်းကိုအတုအယောင်ငြိမ်သက်မူမျိုးဖြစ်စေနေတာ ဘယ်လိုဘုရားသားတော်မျိုးလဲဟ"

    " ဟေး မင်းဘယ်သူပဲဖြစ်ဖြစ်ငါနဲ့ပူပေါင်းပြီး မင်းနဲ့ငါ ဒီနူးညံ့တဲ့ဘုန်းကြီးလေးကိုဝါးမြိုလိုက်ကြရအောင် "

    ဝူရုန်ထို‌နေရာ၌လေးနက်သောမျက်လုံးများဖြင့်ရပ်နေသည်။ တစ္ဆေကြီး၏အိမ်မက်မှာစစ်မှန်လွန်းလှသည်။ ဤနေရာရှိလူများမှာ ဝူရုန်ကိုမြင်နိုင်ရုံမက  သူ့နှင့်ပင်အပြန်လှန်ဆက်သွယ်နိုင်သေးသည်။အရင်ကတစ္ဆေများကဲ့သို့ အခုအရိုးဖြူတစ္ဆေဘုရင်လည်းထိုနည်းတူပင်။ဒါကတချက်တည်းကို သရုတ်ဖော်နေသည်:

  တစ္ဆေကြီးမှာအမှန်တကယ်ကို အိမ်မက်ထဲနစ်မြောနေပြီး ဤမှတ်ဉာဏ်ထဲအမှန်တကယ်‌ နေထိုင်‌ နေသကဲ့သို့ ရောနှောနေသည်။ ထိုကြောင့် တစ္ဆေကြီးနှင့် သွေးစာချုပ်ရှိနေသောဝူရုန် သည်လည်း အမှန်တကယ်အိမ်မက်မက်နေပြီး အိမ်မက်ထဲမှသူများ၏သတိမူခြင်းကိုခံရသည်နှင့်တူညီသည်။

    ဤပုံစံတိုင်းဆိုလှက် တစ္ဆေကြီးမှာ ခရာကျပြီး ဤမြင်ကွင်း၏ အရေးကြီးဆုံးဇာတ်ကောင်ဖြစ်ကာ သူ၏လူပ်ရှားမူတိုင်းသည် အိမ်မက်၏တိုးတက်မူကို သက်ရောက်နိုင်သည်။

    အရိုးတစ္ဆေဘုရင်များဖြစ်နိုင်မလား ?

    ဝူရုန် အရိုးနီဆီကြည့်လိုက်၌ ချင်းဝူချောက်ကမ်းပါးသည် ဆရာသခင်ဖုနှင့်အရိုးတစ္ဆေဘုရင်တို့နှစ်ဦးကြားတိုက်ပွဲမြေပြင်ဖြစ်သည်။ ဝူရုန် ကလေးတစ္ဆေလေး၏လက်ချောင်းအရိုးကိုမြိုချပြီးအောက်သို့ပြုတ်ကျစဉ်က မြင်ခဲ့ရသောမြင်ကွင်းကို ဝိုးတဝါးမှတ်မိသည်။ မြေကြီးသည်သွေးအနည်အနှစ်များဖြင့်ပြည့်နေကာ ထိုအောက်တွင်နီရဲနေ‌သောအရိုးရှိသည်။ အချိန်နှင့် နေရာကကိုက်ညီနေသည်။ အကယ်၍ ဤ အရိုးစုက သွေးသံရဲရဲဆံပင်များနှင့် အထည်များဝတ်ဆင် လိုက်လျှင် အနီရောင်ဝတ်စုံနှင့်အနက်ရောင်ရောင်ဆံပင်များဖြင့် တစ္ဆေကြီးနှင့်များတူနေနိုင်မလား?

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now