Ch.26.1-Meow,Meow,meow...Meow!

428 92 1
                                    

Unicode

     လျှို့ပေါင် သေနပ်ကိုပြန်ရုတ်လိုက်ကာ တည်ငြိမ်စွာဖြင့် ဘာမှမဖြစ်ခဲ့သလို့လျှို့ဟူအားစားပွဲကိုရှင်းရန်သဘာဝကျကျပင်ညွှန်ကြားလိုက်သည်။ ပြာများနှင့်အမွှေးတိုင်ခွက် ဝိုင်ခွက်ထဲမှဆန်မျာသေသပ်စွာ ပြုလုပ်ပြီးသည့်တိုင် လျှို့ဟူ ထိုကိစ္စကိုသဘောမပေါက်သေးပေ။ လျှို့ပေါင်ဆီသို့မကျေမနပ်သံသယများဖြင့် ပြန်လှည့်လာကာ " အကိုကြီး ဘာလို့ဝူရုန်ကိုငွေပေးသလဲပြောပြပါဦး"

    "ဟုတ်ပါတယ်။ သူကအကို့ရဲ့ညီငယ်ပါပဲ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံးကတစ္ဆေထိန်းဖြစ်နေပြီလေ။ သူရဲ့ဆိုးဝါးတဲ့အပြုမူကြောင့်သာမဟုတ်ရင် ကျွန်တော်တိုါဒီထက်မကလုပ်ဖြစ်သွားနိုင်သေးတယ်!။ အကိုကြီးငါမှတ်မိသလောက်တော့မင်းတခြားသူတွေအပေါ်အဲ့လောက်မကောင်းပါဘူး။ သူကိုပဲဘာလို့ဒီလောက်ကောင်းအောင်ဆက်ဆံပေးနေတာလဲ?"

    "အားဟူ"

    လျှို့ပေါင်၏အမူယာမှာခန့်မှန်း၍မရ ခတ္တမျှပြုံးပြီးနောက် ဖြည်းညှင်းစွာစကားပြောသည် " တခါတလေ ငါဝူရုန်ကို ငါ့တကယ့်ညီလေးဖြစ်စေချင်တယ်။"

    "အနည်းဆုံးတော့သူကအရူးမဟုတ်ဘူး"

    "အကိုကြီး!"

    "အားရုန် လိုလူမျိုးက အနှေးနဲ့အမြန်ကျော်ကြားလာမှာ။ မင်းမြင်နေရတာသူ့ရဲ့လက်ရှိ ငါကသူရဲ့အနာဂါတ်အတွက်မြှုပ်နှံနေတာပဲ"

    "ဒီဆင်းရဲသားလေးကဘာများလုပ်နိုင်မှာမို့လို့လဲ?"

    လျှို့ဟူမယုံကြည်ပါ။ သူ့လက်သီးများဆုပ်ထားလျက် " သူကဒုက္ခိတတစ္ဆေကိုပဲ‌ မွေးထားနိုင်တာလေး ကျွန်တော်က အာ့တာကိုတကိုက်ထဲနဲ့ဝါးမြိုနိုင်တယ်"

    "လွန်ခဲ့တဲ့လေးနှစ် ငါသူကိုပထမဆုံးစတွေ့တုန်းက သူကသူ့ဘဝတလျှောက်လုံး သာမန်လူအဖြစ်သတ်မှတ်ခံထားရတဲ့ ပိန်းသေးသေးနဲ့တကိုယ်တည်းသမားလေးပဲရှိသေးတာ"

    လျှို့ပေါင်လက်မပေါ်မှလက်စွပ်ကို‌ဖြည်းညှင်းစွာပွတ်သပ်လျက် အေးစက်စက်လေသံဖြင့် " သူကငါ့နောက်လိုက်ဖြစ်ချင်ခဲ့တာ။ တခြားသူတွေအတွက်ဒီကလေးက ခွေးတစ်ကောင်လို သေးနေပေမယ့်ငါ့အတွက်တော့ သူမျက်လုံးတွေကဝံပုလွှေတစ်ကောင်လို ရက်စက်ကြမ်းကြုတ်ပြီး မျက်လုံးထဲမှတောက်လောက်တဲ့အကြည့်တွေက သူ့ကိုလျစ်လျူရူလိုက်ဖို့တောင်ခက်ခဲစေတယ်။ သူကဘယ်သူ့ကိုမဆို ငရဲကိုဆွဲခေါ်ချသွားရဲတဲ့သွေးဆာနေတဲ့ တစ္ဆေ‌တစ်ကောင်လို့တောင်ငါတွေးမိသွားတာ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now