CH-59.1Woof woof team had made great contributions

247 38 0
                                    


|| Unicode ||

    " ဟေး ရှောင်းမီ မင်းဘာလိုအာ့လူယုတ်မာတွေနဲ့သွားရူပ်မိတာလဲ?"

    ဟွမ်မောင်သိလိုစိတ်ဖြင့်မေးလိုက်သည် " မင်းက လုန်ဟူတောင်တန်းက တာအိုလေးတစ်ယောက်ပဲကို သူတို့ဘာလို့မင်းကိုဖမ်းရဲထားရတာလဲ?"

    " တကယ်တော့ကျွန်တော်ကို လုန်ဟူတောင်တန်းကနေ ဟိုးအရင်တည်းကနှင်ထုတ်ခံခဲ့ရတာ "

    ဆုရှောင်းမီရယ်မောလိုက်ပြီး သူ၏နဂိုနေရာသို့ပြန်ထိုင်ကာ နောက်ဆုံးတစ်စက်ကျန်သည်အထိစွတ်ပြုတ်ကိုသောက်လိုက်ပြီးနောက် ခွက်နံရံမှာကပ်နေ‌သေးသည်စွတ်ပြုတ်ရည်ကိုနှမြောသလိုကြည့်နေသည်။

    ဒါက ရိုပိုင်ကူပါတဲ့စွတ်ပြုတ်။ နရံမှာကပ်နေပြီးရေနဲ့ရောနေလျှင်တောင်ဈေးကြီးပေးပြီးရောင်းလို့ရတယ်။ ဘယ်လိုတောင်နှမြေားရာကောင်းနေတာလဲ။ အလွန်ဆင်းရဲကာ အရာအားလုံးတွေ့ဖူးသည်‌ဆုရှောင်းမီသည် အလိုလျောက်ပင်ငွေရမည်နည်းကို စဉ်းစားမိသွားသည်။ သူထိုအရာအားအချိန်အတော်ကြာကြည့်နေမိသည်။ ဟွမ်မောင်သည်ရိုးရှင်းစွာပင့်သူအားစွတ်ပြုတ် နောက်တစ်ခွက်ခပ်ပေးပြီးနောက်အပြုံးလေးနှင့် "သောက် စွတ်ပြုတ်အလုံအလောက်ရှိတယ်"

    သောက်ရမယ်!

    ဆုရှောင်းမီသူစိတ်ကိုတင်းလိုက်သည် မည်သို့ပင်ဆိုစေ သွေးစာချုပ်ချုပ်ဆိုပြီးဖြစ်သည့်အတွက် ပိုပြီးအကြွေးတင်သွားလည်းကိစ္စမရှိ သောက်လိုက်‌တာပေါ့။ အကယ်၍သူသာကျန်းမာရေးပိုကောင်းလာလျှင် သူအကိုအခြေနေလည်း ပိုကောင်းလာမည်ဖြစ်သည်။ရှားစောင်းထက်ထက်ဖြင့်ဆုရှောင်းမီသည်ကျားယန်တွင်ဖြစ်ခဲ့သည်များကို စွတ်ပြုတ်သောက်ရင်းပြောပြလေသည်။

    "ကျွန်တော်အကိုက ရွှေချည်ချိတ်စည်းဖြည်ပြီးနောက် ပြည့်စုံတဲ့ဝိဉာဉ်ကိုယ်ထည်ကိုဖော်ပြလာတယ်။ လီလောင်စန်းရဲ့လက်အောက်ငယ်သားက အာ့တာကိုမြင် သွားလိမ့်မယ်လို့မထင်ထားမိဘူး "

    ထို‌အကြောင်းကိုပြောပြနေစဉ်တွင်ဆုရှောင်းမှာ ထိုင်းမိူင်းကာစိတ်အနှောက်ယှက်ဖြစ်ပုံပေါ်‌နေပြီး သူ့အသံကိုနိမ့်လိုက်ကာ " ကျားယန်မြေအောက်လောကမှာ ကြီးမားတဲ့တစ္ဆေအလဲလှယ်ဈေးကွက်ကြီးရှိတယ်။ တစ္ဆေပိုင်နက်အစွန်းလေးတင်။ ဟိုးအရင်းတည်းက ကြည့်ကောင်းတဲ့တစ္ဆေတွေကိုစုဆောင်းနေတဲ့ အဖွဲ့စည်းတစ်ခုရှိတယ်။ ကျွန်တော့်အကိုက အရမ်းကိုကြည့်ကောင်းနေရုံလေးတင်ပါ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now