Ch 61 - Chirp,chiirp

211 43 4
                                    

|| Unicode ||

    ပထမတော့ ဝူရုန်သည် တစ္ဆေကြီးကထွက်လာစေပြီး ဆုရှောင်းမီးအားသူ့ပင်ကိုယ်မျက်လုံးများဖြင့် အကဲဖြတ်‌စေမှာဖြစ်သည်။ ဘယ်သူကထင်မလဲ တစ္ဆေကြီးကိုလွတ်လိုက်သည့်အခါထင်းကန်ထဲရှိစဉ်ကကဲ့သို့ပင် သူပတ်လည်မီတာတစ်ရာအတွင်း ဝူရုန်မှလွဲလျှင်မည်သူမှမကပ်နိုင်ဖြစ်နိုင်လာမည်ကိုပေါ့။

    လေထဲမှတဆင့်ဆက်သွယ်ရန်မှလွဲ၍နည်းလမ်းမရှိတော့ ဆုရှောင်းမီသည် တစ္ဆေကြိးအကြောင်းအား ဝူရုန်နှင့်သွေးစာချုပ်မှတဆင့်ဆက်သွယ်ကာ တစ္ဆေကြီး၏လက်ရှိအခြေနေအားသူဖော်ပြလာသည့်အတိုင်းသာနားထောင်ရတော့သည်။

    "ကျွန်တော်အကိုက အကြားနဲ့အထိအတွေ့အာရုံနှစ်ပါးပဲပိတ်ဆို့ခံခဲ့ရတာ"

    ဆုရှောင်းမီ ဝူရုန်အားပြောပြလိုက်သည် " အာရုံငါးပါးချိတ်စည်းတံဆိပ်ကိုဖြေရှင်းခြင်းကလွယ်ရာကနေခက်ရာဆီသွားရတယ် အကြားအာရုံကကစတင်ပြီးတော့ အရသာ၊အနံ့၊အမြင်၊ အထိအတွေ့ပေါ့။ သီအိုရိအရ အာ့တာကသီအိုရီသက်သက်ပဲ! တကယ်လက်တွေမှာကတော့ တစ္ဆေရဲ့အထူးအခြေနေပေါ်မူတည်တယ်"

    ဆုရှောင်းမီ၏အကြံပြုချက်အရ ဝူရုန်သည် တစ္ဆေကြီး၏နားအားအရင်ဆုံးထိရန်ကြိုးစားလိုက်သော်လည်း သူလက်အနားကပ်လျှင်ကပ်သွားချင်း သွေးသံရဲရဲတစ္ဆေကသူ့လက်ကောက်ဝတ်အား မြဲမြံစွာဆုတ်ကိုင်ထားတော့‌သည်။

    တစ္ဆေပိုင်နက်တွင်ဆင့်ခေါ်ခံလိုက်‌ရသောတစ္ဆေကြီး၏အရှိန်အဝါမှာ ထင်းကန်ထဲကနှင့် ကွာခြားသည်။ သူမျက်လုံးများမှာသိသိသာသာကိုပိတ်ထားသည့်တိုင်းဝူရုန်မှာ ‌တစ္ဆေကြီးမှာ အစုလိုက်အပြုံလိုပ်သတ်ဖြတ်သည့်‌ သွေးဆာသောဘုရင်တစ်ပါးကဲ့အရပ်လေးမျက်နှာအား ပေါ့ပေါ့ပါးပါး ပတ်ကြည့်လိုက်သည့်ထင်ယောင်ထင်မှားခံစားချက်မျိုးခံစားမိသည်။ ဝူရုန်မခုခံခဲ့ သူ၏လက်ကောက်ဝတ်မှာ တစ္ဆေကြီးမှမြဲမြံစွာဖမ်းဆုတ်ခံထားရကာ သူကိုနောက်သို့ဆွဲယူခြင်းခံလိုက်ရသည်။ သို့သော် ဝူရုန်သည် ထင်းကန်ထဲကကဲ့သို့ တစ္ဆေကြီးနောက်တွင်ပုန်းကွယ်မနေလို။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now