Ch.45-Boom,BOOM BOOM!

288 58 1
                                    

|| Unicode ||

[ထင်းကန်အက်ကြောင်းအတွင်းတွင်]

လျှို့ဟူ၏ခေါင်းတဝက်မှာ နစ်မြုပ်နေကာ သွေးမြစ်‌ဘေးထဲလဲကျနေသည်မှာ သူ့ကိုလုံးဝသတိမပြုနိုင်အောင်ဖြစ်စေသည်။ ဝူရုန်တချက်ကြည့်ရုံဖြင့်လျှို့ဟူဆိုသည်ကိုသိသည်မှာ သူ့ကိုယ်ပေါ်ပိုင်းရှိခွေးတက်တူးကိုကျေးဇူးတင်ရမည်။ သူကိုယ်ပေါ်ရှိအနက်ရောင်လိုင်းများလိမ်ကောက်ပုံမှာမြွေတစ်ကောင်နှင့်တူပြီး သူ၏ရင်ဘက်ပေါ်ရှိကြွက်သားများသွေးစီးဆင်းနေမှုကြောင့်တုန်ခါနေသည်မှာ ရက်စက်ကြမ်းကြုတ်သည့်ခွေးကြီးအသက်ဝင်လာနေသကဲ့သို့ပင်။

လျှို့ဟူမသေသေးပေ သူ၏မျက်နှာမှာ Asuraကဲ့သို့နီဆွေးနေပြီး ပြင်းထန်သည့်တစ္ဆေအရှိန်အဝါကိုခံစားမိသောအခါ ချက်ချင်းပင်လှည့်လာပြီးမက်တပ်ရပ်လိုက်ကာ ဝူရုန်ရှိရာဘက်သို့သတိအနေထားဖြင့်ကြည့်လိုက်လျှင် ကြီးမားလှသောမြွေစိမ်းကြီးအားတွေ့လိုက်ရသဖြင့် နောက်ဆုတ်သွားပြီးနောက် မုန်းတီးစွာအံ့ကြိတ်လိုက်ရင် ပြောလာသည် "တကယ်ကိုရန်သူတွေအတွက်လမ်းကကျဉ်းမြောင်းတာပဲ မင်းကဒီလိုနေရာကြီးမျိုးမှာငါနဲ့လာတွေ့ရတယ်လို့"

သူသည်ဝူရုန်ထံတွင်သာမန်မဟုတ်သည့်ပြင်းထန်သောအန္တရယ်ရှိစေသည့်တစ္ဆေအရှိန်အဝါကိုသတိပြုမိကာ သူ၏မျက်လုံးများတွက်ပို၍မုန်းတီးမှုများလာပြီး " ဒီလိုနေရာမျိုးမှာဆိုရင် မင်းရဲ့ဒုက္ခိတစ္ဆေကသေသွားလောက်ပြီ"

ထင်းကန်အက်ကြောင်းမှာယင်ချီသိပ်သည်းသည့်နေရာတစ်ခုထပ်မပို ၎င်းသည် တစ္ဆေများ၏သတ်ဖြတ်လိုစိတ်ကိုလှုံဆော်ပေးနိုက်သည်။ သာမန်တ‌စ္ဆေပျိုးထောင်သူဆိုလျှင်ဤနေရာမျိုး၌ရှည်ကြာစွာနေပါက သူ့တစ္ဆေ၏တန်ပြန်သက်ရောက်မှုကိုခံစားရနိုင်ပြီး ဒုက္ခိတစ္ဆေများပါ တန်ပြန်နိုင်သော်လည်း သူတို့အများစုတန်ပြန်မှုအကျိုးဆက်မှာ ပြာအဖြစ်ပြောင်းသွားခြင်းဖြစ်သည်။

အခုဝူရုန်သည် ထူထဲလှသောပြာမြူများဖြင့်ဝန်းရံခံထားရကာ သူတကိုယ်လုံးဖုံးလုနီးပါးဖြစ်နေသဖြင့် တစ္ဆေတစ်ကောင်မှတတန်ပြန်လာပြီး တစ္ဆေမွေးသူမှာရူံးနိမ့်နေသည့်မြင်ကွင်းနှင့်ဆင်တူနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now