Ch.49.1-Woof woof?

269 53 1
                                    

|| Unicode||

     ဟွေ့ရှင်း၏မျက်လုံးများစွေစောင်းလုနီးပါးဖြစ်သွားကာ အလွန်ထိတ်လန့်သွားသောကြောင့်စကားလုံးများပင်အဆီငေါ်မတည့်တော့၊ သူ့မျက်နှာတွင်မေးခွန်းများနှင့်ပြည့်နေကာ ' မင်းကအရာအားလုံးကိုဖုံးကွယ်ထားတဲ့ဘုန်းကြီးတစ်ပါးလား? မင်းမှာ ဗုဒ္ဓနဲ့ဒီလိုက်ရိူင်းတဲ့ဆက်ဆံရေးရှိနေရင်ဘာလို့ဘုန်းကြီးဖြစ်လာတာလဲ!'  သို့သော်အခုချိန်မှာ အရေးပေါ်အခြေနေဖြစ်နေကာ ပတ်လည်နေရာလပ်များတွင်အက်ကြောင်းများပိုပိုများလာနေပြီး အရင်က ဝါးမြိုခံနေရသော ကျောက်တုံးနှင့်သစ်ပင်များပင် အမြစ်ဖျတ်ချေမှုန်ဖျတ်ဆီးခြင်းမခံရပဲ နေရာလပ်အက်ကြောင်းထဲပြုတ်ကျနေတော့သည်။

    နေရာလပ်အက်‌ကြောင်းများနေရာတိုင်းထွက်ပေါ်နေပြီး သေဆုံးပြိးသောသစ်ပင်များနှင့်ကျောက်တုံးကြီးများတဝက်လောက်က မူလကပြောင်ရှင်းနေသည့်တောင်ကြားလမ်းပေါ်တွင်စီခြယ်ထားနေသည်။ မျက်စိတမှိတ်အတွင်းကို လုံးဝမမှတ်မိနိုင်လောက်သည်အထိဖြစ်သွားသည်။ နောက်ထပ်အချိန်ထပ်ဖြုန်းလို့မရတော့ပေ၊ ဟွေ့ရှင်း ကြောင့်ကြစွာပြောလာသည် " ရတယ် မင်းအားလုံးကိုသုံးဖို့မလိုဘူး သုံးခုဆိုရပြီ"

    သူအရင်ဝူရုန်လက်ထဲမှဗုဒ္ဓပုတီးကုံးအား ‌ရိုသေစွာလှမ်းယူလိုက်ပြီး‌နောက် ထိပ်ပိုင်းမှာသုံးခုကိုဖယ်လိုက်ကာ ဗုဒ္ဓပုတီးကုံးမှ အပ်ချည်မျှင်တစ်‌ ကြောင်းဆွဲယူလိုက်ပြီး သူနှင့်ဝူရုန်လက်ကောင်ဝတ်ကြားချည်နှောင်လိုက်သည်။

    " မင်းခဏလောက်မျက်လုံးကိုမှိတ်ထားရမယ် ဖွင့်မကြည့်နဲ့"

    ဟွေ့ရှင်းသတိပေးသည် " မင်းမှာတစ္ဆေမျက်လုံးရှိတာမို့ သက်ရောက်မှုကိုလျော့ချရမယ်"

    "သူအတွက်ကရော?"

    "အာ့တာ___"

    စိတ်လူပ်ရှားနေသည့်ဟွေ့ရှင်းမှာ ‌တစ္ဆေခွေးအကြောင်းတွေးမိပြီး ဘေးကျပ်နံကျပ်ထဲရောက်သွားကာ " အာ့တာမင်းရဲ့ခွေးတစ္ဆေ သူနဲ့‌ဘယ်လောက်ဝေးဝေးမင်းရှိတဲ့နေရာကိုသူရောက်လာနိုင်တယ်။ ဒါကခွေးတစ္ဆေတစ်ကောင်ရဲ့ဂုဏ်သတ္တိတမျိုးပဲ ဒါပေမယ့် ဒီနေရာကထင်းကန် အက်ကြောင်းဆိုတော့ ဘာဖြစ်လာမယ်ဆိုတာပြောရခက်တယ် "။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now