Ch.13 Ten Ghost Parasite

508 97 2
                                    

Unicode

     " ပြန်လည်အသက်ဝင်မူတွေကိုအသာထားလိုက်ဦး"

      အလယ်တွင် ထိုင်နေသော သူသည်နောက်ဆုံးတွင် စကားပြောလာသည်။ သူသည်တရုတ်မျက်နှာပေါက်နှင့်စစ်ယူနီဖောင်းဝတ်ထားသည်။ အသွင်ပြင်အရ ခက်ထန်ပုံပေါက်နေသော်လည်း စကားပြောလိုက်သည့်အခါ အမျိုးသမီးအသံမျိုးထွက်လာသည်။

     " ရွမ်အန်းအပြင် တခြားသံသယဝင်စရာတွေရှိနေသေးရင် နောက်ပိုင်းလည်း အသက်ပြန်ရှင်လာသူတွေရှိဦးမှာမို့ ငါတို့အသေးစိတ်စုံစမ်းလို့မရနိုင်သေးဘူး "

      "အဓိကအရေးကြီးတာမီး အိမ်တစ္ဆေပဲ အာ့တာ အထက်ကိုတင်ပြဖို့ ပြင်ဆင်ရမယ်"

     "ကျွန်တော်တို့ ရှိပြီးသား တစ္ဆေထိန်းနှင့်ကောင်းကင်သခင်တွေကို လေ့ကျင့်ဖို့ 444 ကိုတက်နိုင်သမျှ အမြန်ဆုံးဖွင့်ဖို့ လုပ်ရမယ်"

     "ဒီကလေးဆိုးတွေ မကြာမီမှ ပိုသန်မမာ လာလျှင် သူတို့အနာဂါတ်ကို တစ္ဆေဘုရင်ဗိုက်ထဲမှာပဲ မြင်ရဖို့ရှိတော့မယ်"

**********************************

     တောင်တောင်ပေါ်ညများမှာကြောက်စရာကောင်းစွာ‌တိတ်ဆိတ်နေပြီး ဝူရုန်သည်အိပ်ရာပေါ်တွင်ထိုင်ကာ ခရမ်းရောင်စက္ကူကြိုးကြာနှင့်ဆော့နေသည်။

     သူသည်အခုလေးတင်ပိုင်ကု ပြောသွာူသည်များကိုတွေးနေသည်။

    အမှန်တော့ဘာမှမဟုတ်ပေ။ သို့သော်ပိုင်ကုသည် စီရင်စုရွာများရှိတချို့သော ရိုးရာ နည်းလမ်းများလနု နတ်ဆိုးမြောင်များတစ္ဆေနယ်မြေတွင် အဆိပ်အဖြစ်သုံးသည့် နည်းလမ်းတချို့ ပြောပြခဲ့ခြင်းဖြစ်သည်။ သာမန်လူများသည် သူတို့မသိလိုက်ခင်မှာပင် ဒဏ်ရာအလွယ်တကူရတက်သည်။ သူသည်အများကြီး မပြောသွားပါ။ ယဉ်ကျေးပြီးရင်း ယဉ်ကျေးနေသည့်အမူအရာက အနည်းငယ်မလိုလား သောရင်းနှီးမူကို ဖြစ်စေသည်။ဉာဉ့်နက်မှ ပိုင်ကုပြန်သွားသည်။ သူသည်အမြဲတည်ငြိမ်အောင်နေသည် __

     သို့သော်ဝူရုန်သူနှင့်စတွေ့စဉ်က ရူပ်ထွေးနေသောပိုင်ကုမျက်နှာကို သဲကွဲစွာမှတ်မိသည်။ သူ့တွင် ကြောက်လန့်မူ စိတ်ရူပ်မူ မယုံကြည်နိုင်မူ စိတ်မရှည်မူ ရည်မှန်းချက် ကြီးမူများရှိသည်။ဒါက သူ့ကိုပိုင်ကု ကတနေရာရာတွင်တွေ့ဖူးသည်နှင့်တူပြီး ဝူရုန်အနေနှင့်ကတော့ အခုမှသာပိုင်ကုနှင့် တွေ့ဖူးမှန်းသေချာပါသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now