Ch.41.1-Jiejiejiejeie

296 60 4
                                    

|| Unicode||

    ထိုအကြောင်းကိုတွေးမိရုံဖြင့် သူ‌ကိုဒေါသထွက်လာစေသည်!

    မဟုတ်သေးဘူး ချန်ယန်ဇီက ဘာလို့ ဒီအချိန်ထင်းကန်နံပါတ် ၄၄၄ ထဲသွားရတာလဲ?

    ဆရာသခင်လင်းယွင်၏ အမူအယာမှာထိတ်လန့်နေခဲ့ပြီး ရုတ်တရက် တုန့်ပြန်လာသည်။

    တစုံတယောင်ကတော့ အနာဂါတ်ကိုပြောင်းလဲလိုက်ပြီ!

    ချန်ယန်ဇီကပြန်လည်မွေးဖွားလာတာဖြစ်နိုင်မလား ?!

    ထိုကြောက်စရာအဖြစ်ကိုတွေးမိကာ တာအိုသခင်လင်းယွင် တကိုယ်လုံး ယိမ်းယိုင်သွားသဖြင့် နောက်ထပ်အဆောင်တစ်ခုကို ထပ်ချလိုက်ပြီး ထိုအဆောင်သည် အခုလောလောဆယ်သူရင်မဆိုင်နိုင်သေးသော ကောင်းကင်မိုးကြိုးရိုက်ချက်ကို ဆွဲခေါ်သွားပေးနိုင်သည်။ သူ တုန်လူပ်စွာဖြင့် စကားဆို တွက်ချက်နေပြီးနောက်မကြာမီတွင် စိတ်သက်သာရာရသွားသည်။

   မဟုတ်သေးဘူး။

    အကယ်၍ပြန်လည်မွေးဖွားလာသူဆိုလျှင်သူတို့၏အနာဂါတ်မှာမြူထူနေပြီး အားလုံးကို ရှင်းလင်းစွာမမြင်ရနိုင်။ သို့သော် ချန်ယန်စီကထိုသို့မဟုတ်။ သူသည်စိတ်ဝိဉာဉ်ကင်းမဲ့နေပြီး တွက်ချက်မှုသည်တဖက်သို့ယိမ်းနေသော်ငြား ဒါကပင်သတင်းကောင်းဟုဆိုလိုရသည်။

    ဆရာသခင်လင်းယွင်စိတ်သက်သာရာမရသေးကာ ဆက်လက်၍ အချိန်အတော်ကြာစွာတွက်ချက်နေလေသည်။ ရုတ်တရက် သူ့အံ့အားသင့်သွားသည်။

    " ထူးဆန်းတယ်။ ဒါကတကယ်ကြီးထူးဆန်းတာပဲ။ ချန်ယန်ဇီမှာ ဘယ်လိုလုပ် *ဟုန်လွင် ကြယ်လုပ်ရှားသည့်နေ့ရက်ရှိနေရတာလဲ?(* လက်ထပ်ခြင်းနိမိတ်ပြကြယ်) သင်္ချာဗေဒနဲ့စမ်းကြည့်ပြီး ပြန်တွက်ရမယ်..."

    ဒါကအမှန်ပဲ!

    ဆရာသခင်လင်းယွင် တွက်ချက်မှုများကိုအကြိမ်များစွာပြုလုပ်ပြီးနောက် ဆုံးဖြတ်ချချနိုင်ခဲ့သည်။ သူအရင်ဘဝနှင့်ယှဉ်လျှင် ဖုချင်း၏ဇာတာခွင်တွင် အမှန်တကယ်ပင် သိမ်မွေ့စွာပြောင်းလဲမှုများနှင့်‌ကြုံတွေ့နေရသည်! ဤဘဝတွင်ကြိမ်းသေပေါက်လပ်ထပ်ရမည်ဟုမဆိုနိုင်သော်လည်း အနည်းဆုံးတော့သူမိတ်ဆွေအမျိုးဆွေများနှင့်အဆက်ဖြတ်လိုက်သည့်အရင်ဘဝကလိုတော့ မုဆိုးဖို တော့ဖြစ်တော့မည်မဟုတ်။ ကြည့်ရတာဒါကအလှည့်ပြောင်းဖြစ်ရမယ် ။Hiss ။ဖုချင်း၏ပြောင်းလဲမှုကိုဖြစ်စေသည့်သူကိုသာရှာတွေ့လျှင် အချိန်မီဖမ်းပြီး ခြိမ်းခြောက်နိုင်မည်ဆိုလျှင်__

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Onde as histórias ganham vida. Descobre agora