Ch.27-Meow,meow meow/Woof Woof!

418 87 0
                                    

Unicode

    Pu!

    ညလယ်ကြီး ဗီလာထဲ၌အနားယူရန်ပြင်ဆင်နေသော လျှို့ပေါင်ပါးစပ်အပြည့်သွေးအန်လေရာ အမြဲလိုလိုတည်ငြိမ်နေ‌သော သူမျက်နှာထိတ်လန့်ကာ ဖြူဖျော့သွားသည်။

    "ဘယ်သူလဲ!ဘယ်လိုလူကငါရဲ့ကြွယ်ဝခြင်း တစ္ဆေငါးကောင်အဆောင်ကိုဖျတ်ဆီးရဲတာလဲ?!"

    သူအံ့ဩစွာမက်တပ်ရပ်လိုက်ပြီးစာကြည့်ခန်းသို့သွားရန်ပြင်လိုက်စဉ် ရုတ်တရက် ပြင်းထန်သောနာကျင်မူကြောင့်မျက်နှာကြွက်သားများတင်းမာသွားကာ လျှို့ပေါင်သူ့လက်မောင်းကိုဖမ်းဆုတ်မိသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် နဖူးတစ်ခုလုံးချွေးအေးများထွက်လာသည်။ ကြမ်းကြုတ်သောသားရဲ၏ကိုက်ဖြတ်ခံနေရသည့်နာကျင်မှုမှာပျောက်ကွယ်မသွားပေ။ အကယ်၍သူသာဤကဲ့သို့နာကျင်မူမျိုးကိုတောင့်ခံနိုင်လောက်သည်အထိမသန်မာလျှင်ယခုဆိုလျှင်ကြမ်းပြင်တွင်နာကျင်မူကြောင့်လှိမ့်‌နေပေလိမ့်မည်။ပြင်းထန်သောနာကျင်မူပင်လျှင် လျှို့ပေါင်နှလုံးသားထဲမှလိူင်းထန်မူကို မဖိနိုပ်နိုင်ပေ။

    ဘယ်သူကများကြွယ်ဝခြင်းတစ္ဆေကို စာသုံးရသည်အထိရူးသွပ်နေရတာလဲ!

    ဝူရုန်အပြင်ဘက်မှလူပ်ရှားမူကိုခံစားမိသော်လည်း လောလောဆယ်သွားမကြည့်လိုပေ။ တစ္ဆေချီပုံဆောင်ခဲထုတ်လိုက်လျှင်ထုတ်လိုက်ခြင်း သူ့ခန္ဓာကိုယ်ထဲမှ ညည်းညူသံများ ထွက်ပေါ်လာနေသည်။ တခုမှကျုံးကူ၏'ဆာတယ်၊ဆာတယ်'ဟုထပ်ခါထပ်ခါပြောမူစတင်လာပြီး သူ၏ 'ဟုတ်တယ်၊ဟုတ်တယ်'ဆိုသောအသံကို ဝူရုန်ဆီဆက်တိုက်ဆိုသလို စိတ်အားထက်သန်စွာပို့နေသည်။ သို့သော်ဘယ်လက်ရှိ တစ္ဆေကြီးမှထူးဆန်းစွာလူပ်ရှားလိုက်သောအခါ ကျုံးကူ၏ 'လိုချင်တယ်'ဟူသောအသံမှာခြင်တစ်ကောင်၏အသံလိုနိမ့်ကျသွားပြီး မလျော်ကန်မူကိုခံစားရ၍ ကြောက်ရွံကာစိတ်မပါစွာဖြင့်အချိန်တစ်ခုလောက်ချုပ်တည်းထားပြီးနောက်မှာတော့သူ၏အရှည်လျားဆုံးစကားတစ်ရပ်ကို ဖွင့်ဟလာခဲ့သည်။

    'မား အကြီးပိုင်းကိုစားချင်းတယ် ကြီးတာကိုစားမယ်!'

    ဝူရုန်ကျုံးကူကို လျစ်လျူရူလိုက်သည်။ သန့်စင်သောအမြစ်မဲ့ရေမှယခုတိုင်မရသေးသဖြင့် ကျုံးကူဆီမှသွေးစွမ်းအင်ကို မဖယ်ရှားရသေးသောကြောင့် အနာဂါတ်တွင်ပိုင်ရှင်အားအလွယ်တကူသက်ရောက်စေကာ ဝူရုန်အားသွေးဆာသော မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲစေနိုင်သည်။ ကျုံးကူသန်မာလာလျှင် သူ(ကျုံးကူ)၏သတိတရားပိုအားကောင်းလာပြီး ဝူရုန်၏အမိန့်များကိုနာလည်လာကာ အနာဂါတ်တွင် တိုက်ခိုက်သည့်အခါ ပူးပေါင်းနိုင်ပေမည်။ လက်ရှိကျုံးကူ၏သတိမှာမွေးကင်းစကလေးနှင့်တူကာ တုံးအသော်လည်း အလွန်နာခံတက်မူနှင့်ဝူရုန်အပေါ်ချစ်မြတ်နိုးမူရှိသဖြင့် ယင်းမှာ သွေးသန့်စင်မူ၏အလွယ်ကူဆုံးအခြေနေတွင်ရှိနေလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now