Ch.28-Meow......Meow~

398 88 0
                                    

||Unicode||

     လက်ရှိအခြေနေမှာ လွန်စွာရှက်ဖွယ်ကောင်းလှသည်။

     ပေါက်စီအရသာမှာ ကြောင်ဖြူစိတ်ကူးထားသကဲ့သို့အရသာရှိမနေပဲ ခြောက်သွေ့နံဟောင်နေလေပြီး အရေးကြီးဆုံးကတေယ့အသားအရသာလုံးဝရှိမနေပေ။

    ဒါကအသားလည်းမဟုတ်ဘူး။

     ရူးနေတဲ့ခွေးကဒါကိုစားဖို့ ဘာလို့ဒီလောက်တောင်စိတ်အားထက်သန်နေရတာလဲ?!

     ကြောင်ပေါက်သည် သူ့ဘဝကိုပင်သံသယဝင်လာ၍ မယုံကြည် နိုင်စွာဖြင့် ထပ်ကိုက်ပြန်ရာ သူလည်ချောင်းတွင် တစ်ဆို့နေပြီး မြိုချလိုက်ရာ နင်သွားသောကြောင့် မျက်ရည်ပင်ဝဲသွားသည်။ဤကဲ့သို့ ပေါက်စီစားခြင်းတွင်နစ်မြုပ်နေသဖြင့် တုန့်ဆိုင်းသွားမူကြောင့် ခွေးကြီးခုန်အုပ်လာသောအခါ အချိန်မှီ မပြေးနိုင်ပဲခြေတလှမ်းနောက်ကျသွားကာ လက်ဖဝါးထူထူကြီးအောက်တွင်အဖိခံလိုက်ရပြီး ဆိုဖာပေါ်ပြုတ်ကျသွားသည်။

     "ဝုတ်!"

     ဝူရုန်သည် နဂိုက ကြောင်ဖြူမှာ ပင့်ကူလေးကို နာကျင်စေလိမ့်မည်ဟုထင်ကာစိတ်ပူနေသော်လည်ူ ၎င်းမှာ ပေါက်စီကိုသာစားနေသည်ကိုတွေ့သောအခါ စိတ်အေးသွားသည်။

     "စစ်မေးထား"

    "Wuu……meow."

     ဆိုဖာကြားမှသေလုနီးပါးမွန်းကြပ်နေသောကြောက်အော်သံထွက်လာသည်။ ၎င်းမှာ ဆိုဖာထဲသို့ ခွေးကြီး၏ထိုးသွင်းခံရသောကြောင့် နေရာတွင်ပဲချက်ချင်းသေတော့မည်ပုံပေါ်နေသည်။ နောက်ဆုံးတွင်ညစ်ပတ်သောခွေးကြီးမှလွတ်ပေးလာပြီး ကြော‌င်ပေါက်လည်ပင်းနောက်ရှိဂုတ်ပိုးမှနေ၍လက်တစ်ဖက်မှကောက်ယူလိုက်သောအခါမှသာကောင်းကင်ကိုတဖန်ပြန်မြင်ရတော့သည်။ အမွေးဖြူများမှာဖရိုဖရဲဖြစ်နေကာ လူသား၏လက်ကို တင်းကြပ်စွာဖက်တွယ်ထားရင်း အနံကောင်းလှသောသွေးနံကို လျှို့ဝှက်စွာရူရိူက်လိုက်ပြီး သူအမြီးထိပ်လေးဝူရုန်လက်ကောက်ဝတ်အား ရစ်ပတ်လိုက် ယစ်မူးစွာဖြင့် သားရိုင်း၏ပင်ကိုယ်စရိုက်မှ ကြောင်ပေါက်၏ ကလူသို့မြူနေ‌သောတုန်ယင်နေသောအသံကိုအသုံးပြုလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now