Ch.33-Kaka,Kaka

388 69 0
                                    

|| Unicode ||

    ပင့်ကူလေးသည် သူ့ပါးစပ်ကိုဖွင့်၍ သွားနှင့် လက်သည်းများဖြင့် ဝူရုန်ကိုယ်ပေါ်ပြုတ်ကျနေသော ပေါလန်နီးယားပန်းပွင့်များကို ကိုက်ဖြတ်‌နေပြီး သူပုခုံးပေါ်တွင် ဂဏန်းကဲ့သို့ ဆောင့်ကြောင့်ထိုင်ကာ ဖုချင်းကိုကြွားဝါနေကာ သူသည်လည်း သူ့သခင်ကိုယ်ပေါ်ကအမိူက်များကိုဖယ်ရှားနိုင်ကြောင်းသက်သေပြနေသလိုပင်။

    အနက်ရောင်ကျောက်ပင့်ကူများသည် တကိုယ်တည်းသမားများဖြစ်ကာ သီးသန့်နေပြီး  ဆိုးဝါးသောစရိုက်လက္ခဏာများရှိသည်။  ၎င်း၏ပိုင်နက်အပေါ် လွန်စွာစိုးမိုးမှုရှိကာ ရက်စက်ကြမ်းတမ်းသည်။၎င်းတို့သည် သူ့တို့ကိုယ်ပိုင်မျိုးနွယ်နှင့်နေရန်သာသဘောကျကြပြီး မိသားစုဝင်မဟုတ်သည့် တည်ရှိမူမျိုးကို ရွံရှာကြသည်။ ထိုကူမျိုးကို ကျွေးမွေးရသော ကူသခင်များသည်လည်း ထိုစရိုက်လက္ခဏာ၏သက်ရောက်မူကိုခံရကာ ပုံမှန် အပြန်အလှန်ဆက်သွယ်မူများကို ပိုပိုရွံမုန်းလာကာ တဖြည်းဖြည်းနှင့် အနက်ရောင်ကျောက်ပင့်ကူများကဲ့သို့ တကိုယ်တော် ဝံပုလွှေ တစ်ကောင်ဖြစ်လာသည်။ အနက်ရောင်ကျောက်ပင့်ကူကို‌‌ မွေးမြူသောတခြား ကူသခင်ကိုမတွေ့မိခဲ့ပါလျှင်။

     တခြားတခြားသော ပင့်ကူများလိုမဟုတ်။ ကျောက်ပင့်ကူနက်များအတွက် တခြားပင့်ကူများမှာ အစားအစာများဖြစ်ပြီး ကွဲပြားသောအရသာရှိသည် စားပွဲများဖြစ်သည်။

    ဖုချင်းသူ့မျက်လုံးကိုအောက်ချလိုက်ကာ ပင့်ကူလေးကိုလျစ်လျူရူပြီး ဝူရုန်အားသဘာဝကျကျပင် လေကာဆောင်အဝေးသို့ဆွဲယူလိုက်ပြီး နှစ်ယောက်သားဘေးချင်းယှဉ်ရပ်လိုက်ကြသည်။

    "မြေအောက်လေကာဆောင်ထဲက အကောင်က လူမျက်နှာပုံစံပင့်ကူတွေဖြစ်ရမယ်"

    ဝူရုန်အနက်ရောင်ကျောက်ပင့်ကူလေးကိုဖမ်းယူကာ မြောင်စကားလုံးတချို့ကိုရွတ်ဆိုပြီး‌နောက် ကူဘုရင်သီချင်းထဲမှ"ကူထိန်းချုပ်ခြင်း" စာပိုဒ်ဖြင့် ပင့်ကူ‌လေးအား‌ကရားထဲ ပြန်မောင်းသွင်းလိုက်သည်။

    ကျင်းဟွေ့ပတ်ဝန်းကျင်တွင် မိုးအနည်းငယ်စိုစွတ်နေသည်။ ရှေးက သစ်သယးအဆောက်အဆုံများမှာအလွယ်တကူစိုထိုင်းနိုင်ပြီး ကူကို ဆွဲဆောင်သည်။ မိုးရွာပြီး တိမ်ထူးသောနေ့တိုင်းတွင် သူတို့သည်အပ်ကြောင်းကိုထိုးဖောက်ကာ နံရံပေါ်တက်ကြသည်။ ပြားချပ်သောကိုယ်ခန္ဓာနှင့် ထို ကူများကို အထူးတလှယ်စားသုံးသော ကြေးဒင်္ဂါးအရွယ်ရှိ ပင့်ကူအမျိုးစားတစ်ခုရှိသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now