Ch.24.1-Woof Woof Woof?Woof Woof!

396 103 1
                                    

Unicode

     အရေးကြီးဆုံးအချက်ကတော့ခေါင်းလောင်းနှင့်စတင်လိုက်သည်နှင့် ဘယ်လက်ထဲရှိမငြိမ်မသက်ဖြစ်နေသောတစ္ဆေကြီးမှနဂိုမူလ တုံဏိဘာဝေအခြေနေသို့ပြန်ရောက်သွားသည်။ သေးနံ့ထွက်လာသည်။ ဝူရုန်ရှေ့ရှိဂန်းစတားမှာ တစ္ဆေအငွေ့သတ်ပေါ်လာသည့်အခိုက်တန့်တွင်ကြောက်ရွံထိပ်လန့်လျက်အသိစိတ်လွတ်ပြီး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားသည်။ သူ့နောက်မှခွေးအုပ်သည်လည်း သူတို့ပင်ကိုအကြောက်တရားကြောင့် တစ်ဒါဇင်ကျော်ခန့်နောက်ဆုတ်သွားကာ တုံ့ဆိုင်းနေလျက်လွတ်မြောက်လိုချင်ကြသည်။ ခွေးကြီး၏အဟန့်အတားနှင့် ဝူရုန်အားစောင့်ရှောက်ရမည့်တာဝန်ရှိနေသေးသဖြင့် သူတို့နှင့်အတူဝူရုန်အား ခေါ်ထုတ်သွားချင်နေကြသည်။

     သို့သော်တစ္ဆေကြီး၏အရှိန်အဝါမှာလွန်စွာကြောက်စရာကောင်းလှ ပတ်ဝန်းကျင်ရှိမြက်နှင့်သစ်ရွက်ပေါ်တို့တွင် ဆီးနှင်းတလွှာဖုံးလွှမ်းသွားပြီး အငယ်‌ဆုံးခွေးဝိဉာဉ်မှမြေပေါ်တိုက်ရိုက်ဖိနုပ်ခံလိုက်ရကာ ခြေလက်လေးဖက်လုံးရှိလက်သည်းများဖြင့်မြေကြီးပေါ်တွင်ကူးခတ်နေသလိုအထိတ်တလန့်ဖြင့်သနားစဖွယ်ညည်းတွားရင်းကုတ်ခြစ်နေလေသည်။ သို့သော်အဝေးတနေရာရှိအပြာရောင်ကုန်ကားအိုးကြီးဘေးမှတေလေဂျပိုးများသည်တော့ဤထူးဆန်းမူကိုသတိမပြုမိပဲ ရိုင်းစိုင်းစွားပြောဆိုရယ်မောနေကြသည်။ ဝူရုန်အကွာဝေးအားအကြမ်းဖျင်းခန့်မှန်းမိကြည့်သည့်အခါ သူတို့နှင့်ဆီးနှင်းအလွှာကြားအကွာဝေးမှာ 3မီတာရှိသည်ကိုတွေ့ရသည်။

    တူညီသောနေရာတွင်ရှိနေကြလျှင်တောင် 3မိတာအကွာရှိမည်သူမှ ဤအခြင်းအရာကိုသတိမပြုမိကြပေ။

     ဘာကြောင့်များတစ္ဆေကြီးက အရိုးခေါင်းလောင်းကိုတုန့်ပြန်မူရှိရတာလဲ?

    ခေါင်းလောင်းအဝကိုလက်နှစ်ညှပ်ထားပြီးအထဲမှသွေးစွန်းနေသော ခွေးအရိုးလုံးကို ထုတ်ကာရက်စက်သောခွေးဝိဉာဉ်ဆီလို ပစ်ထုတ်လိုက်သည်။ ခွေးများသည် ထိုအရာ‌အပေါ်ကြောက်ရွံမူမှာအရိုးစွဲနေသဖြင့် အလိုအလျောက်ပင်ရှောင်ဖယ်လိုက်ကြသော်လည်း အသေးဆုံး နှင့်နာကျဉ်းချက်အများဆူံရက်စက်သောခွေးဝိဉာဉ်မှာခုန်အုပ်လိုက်၍ ခွေးအရိုးကိုရက်စက်စွာကိုက်ခဲ့လိုက်သည်။ အကိုက်ခံရသောအရာပေါ်တွင် အညစ်ကြေးတစ်စုံတရာပင်မကျန်တော့ပဲ အကျဉ်းထောင်ပေါ်ရှိဆူးများပွင့်ထွက်သွားကာ လွတ်လပ်မူတဖန်ပြန်ရလိုက်သလို များစွာသောရက်စက်သည်ခွေးဝိဉာဉ်များက သူတို့အစွယ်များထုတ်ဖော်လျက် မလူပ်ရှားနိုင်သော ထိတ်လန့်နေသည့် ဂန်းစတားဆီချဉ်းကပ်လာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now