Ch.41-Jiejiejiejeie

288 65 2
                                    

|| Unicode ||

    အနာဂါတွင်ဘာဖြစ်မည်ကိုတွေးရင်း ဆရာသခင်လင်းယွင် စိုးရိမ်လာပြီး ဟွမ်းမောင်၏တိုက်ရိုက်ခန်းကိုကြည့်ကာ အတိတ်ကိုပြန်တွေးကြည့်မိနေသည်။

   သူသေပြီဟုထင်ခဲ့ပြီး မျက်လုံးမှိတ်လိုက်သော်လည်း အနှစ်နှစ်ဆယ်ကျော်သို့ပြန်ရောက်သွားခဲ့သည်။ ဆရာသခင်လင်းယွင် စိတ်လူပ်ရှားပြီး မပျော်ရမှီ တံခါးသို့သွားနေစဉ်မိုးကြိုးပစ်ခံထိခဲ့ရသည်။ သူစွမ်းရည်ကြောင့်သာမဟုတ်လျှင် မိုးကြိုးဒါဇင်လောက်အပစ်ခံရပြီးသေဆုံးနိုင်လေသည်။ကျောင်း‌တော်ထဲမှလူများအားမပြောပြမီမှာပင် ဆရာသခင်လင်းယွင်မှာ မိုးကြိုးဖြင့် မည်းမှောင်သည်အထိအပစ်ခံရသဖြင့် လက်လျော့၍ သူမှတ်ဉာဏ်များကို ချောမွေ့စေလိုက်သည်။

    "ပူဆွေးမှုတစ္ဆေက တိုက်ရိုက်လွှင့်နေသေးတယ်။ တစ္ဆေဘုရင်ကြီးကသူနဲ့ရှိနေတာလား?"

    သူ မမှတ်မိ‌။

   အကြမ်းဖျင်းတွက်ချက်မှုအချို့လုပ်ရုံမျှဖြင့်သူသည်ယခုပင်ပြန်လည်၍ ကျင့်ကြံအားဖြည့်ရန်လိုလေသည်။ သတ်မှတ်ထားသောနေရာသို့ထွက်ခွာရန်အချိန်မဟုတ်သေးပေ။ သူ့အရင်ဘဝ၌ သူသည် သတ်မှတ်နေရာ(နိုင်ငံများကြားနယ်စပ်ဒေသ။ ကျီးကန်း လက်အောက်ငယ်သားကိုမှတ်မိတယ်ဟုတ်?။ သူ့ကိုယ်ထည်သည်လည်း နယ်စပ်ဒေသမှာသောင်တင်နေခဲ့ခြင်းဖြစ်သည်) သို့ သုံးနှစ်အကြာမှသာထွက်ခွာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ထင်းကန်၇ခုတွင်အထိကရုဏ်းများဖြစ်နေခဲ့သည်။ အနိူင်းမဲ့တစ္ဆေဘုရင်မွေးဖွားလာချိန်ဖြစ်သည်။ သူသည် တစ္ဆေဘုရင်သည်လွန်စွာအစွမ်းထက်၍ သာမန်နည်းများဖြင့်မဖိနိုပ်နိုင် ချိတ်မပိတ်နိုင်မည်ကို တွက်ချက်မိခဲ့သည်။ ကမ္ဘာပေါ်ရှိ လူများစွာတို့၏ရည်မှန်းချက် ယုံကြည်ချက်များနှင့်အညီဆရာသခင်လင်းယွင်သည် တောင်အောက်သို့ဆင်းခဲ့ကာ အမည်ပြောင်းလဲ၍ ယွင်ကျုံခဲ ဟုခေါ်တွင်စေလျက် သူ၏ရှင်သန်ခြင်းသေဆုံခြင်းများကို တစ္ဆေဘုရင်၏လွှမ်းမိုးမှုအောက်ပို့ခဲ့သည်။ ဘယ်သူကသိမလဲ...

    "Alas"

     တစ္ဆေနယ်မြေထဲတွင်နှစ်ပေါင်းများစွာနေပြီးနောက်မှာတော့ သူသည် သူ၏သက်တူရွယ်တူအရည်ချင်းတူများ၏အကဲဖြတ်ဖြတ်မှုကို ရှင်းလင်းလျက်အလုပ်ရူပ်နေခဲ့ပြီး တစ္ဆေဘုရင်၏ရူးသွပ်လှသော ယနေ့တွင် USကိုသိမ်းပိုက်ပြီး မနက်ဖြန်တွင် သမုဒ္ဒရာခုနှစ်စင်းထိ တစ္ဆေနယ်မြေကိုဖြန့်ကျက်မည့် စိတ်ကူးကိုလည်း‌ဖြေရှင်းနေရသေးသည်။ ပင်ပန်းလှပါဘိ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now