Ch.22.1-Woof Woof Woof Woof !

469 86 0
                                    

Unicode

     "အကိုရုန် တိုက်ရိုက်လွှင့်တာကိုစိတ်ဝင်စားလား?"

    ဟွမ်းမောင်မှာဝူရုန်ကိုအလွန်လေးစားသောကြောင့်ထိုသို့ မေးနေစဉ်တွင်သူလက်များကိုပွတ်သပ်နေရင်း အဆင့်နိမ့်နိမ့်ရထာူသောကလေးကသူမိဘနှင့်ရင်ဆိုင်ရသလိုပြုမူနေသည်။ "ကျွန်တော့မှာဆိုကမ်းလှမ်းဖို့ဘာမှမရှိဘူး။ ကျွန်တော်တကယ့် တစ္ဆေတွေနဲ့ဆို ဘာမှမလုပ်နိုင်ဘူး။ ညီအကိုတွေအတွက်အသက်ရှင်ရပ်တည်ဖို့ ခတ်ခဲလို့သာပဲ"

    ထိုသို့ပြောပြီးနောက် ဟွမ်းမောင်မချင့်မရဲဖြစ်ကာ မြေပေါ်သို့ဆောင့်ကြောင့်လေးထိုင်လိုက်သည်။"အခုဆိုတိုက်ရိုက် လွှင့်တဲ့လောကက အလျှံအပယ်ပဲ။ ကမ္ဘာကြီးကပိုကောင်းလာနေပြီ။ ရုပ်ထွက်ကောင်းတဲ့ကင်မရာတွေမရနိုင်တာကဆိုးတာပဲ။ ပလက်ဖောင်းမှာရှိနေတဲ့ထုတ်လွှင့်သူအကြီးစားတွေက ချမ်းသာပြီး ပါရမီရှိရုံမက ဓာတ်ပုံအေဂျင်စီရဲ့အကူညီပါရထားတာ။ ကျွန်တော့်ကရိယာတွေကမကောင်းဘူး။ ကျွန်တော်တို့ကလောကကြီးကို တကယ်မမြင်ဖူးတဲ့လူတချို့လောက်ပဲအရူးလုပ်လို့ရမှာ"

    ဟွမ်းမောင်သည်ကိုယ့်ကိုကိုယ်ပိုင်သုံးသပ်ချက်များရှိသူဖြစ်သည်။ သူသာ်စိတ်ဓာတ်ကျပြီးမကြာမီတွင်ပြန်အားတင်းလိုက်ပြီးဝူရုန်အား အားပေးသောလေသံဖြင့် " အကိုရုန် အကိုမသိလို့ ဒီတိုက်ရိုက်ထုတ်လွှင့်မူက အကိုပေါင်ကျွန်တော်အတွက်စီစဉ်ပေးထားတာ။ သူကဒီတိုက်ရိုက်ထုတ်လွှင့်မူပြီးရင် တစ္ဆေဗီဒီယိုနဲ့ စာချုပ်ချုပ်ပေးမယ်ပြောတယ်။ဒါကိုကြည့်!"

     သူသည်ဝူရုန်ထံသို့ပစ္စည်းများထဲမှ သေတ္တာလေး တစ်ခုကိုထုတ်လာက အလွန်တန်ဖိုးကြီးပုံပေါ်ကာ အဖုံးကို သူ့အင်္ကျီလက်နှင့်ဂရုတစိုက် သုတ်လေသည်။ သေတ္တာလေးအာဖွင့်လိုက်သောအခါ လက်ပတ်နာရီကဲ့စို့အိပ်ဆောင်ရိုက်ကူးရေးကရိယာလေးပင်။

   ဒါကအကိုပေါင်ယာယီထောက်ပံ့ပေးတဲ့ပစ္စည်း။ ဈေးကွက်ထဲကနောက်ဆုံးပေါ်တ‌‌ေစ္ဆမှန်ဘီလူးကိုဓာတ်ပုံအေဂျင်စီကပဲ ရနိုင်တယ်"

     ဟွမ်းမောင်သေတ္တာလေးအားဖွင့်ဖွင့်ချင်း ဝူရုန်ယင်ချီအချို့ ခံစားရသည်။ ဝူရုန်လက်ဆန့်ပေးလာသည်။ ဟွမ်းမောင်ဘာမှန်းမသိပေမယ့် နာခံမူရှိရှိဖြင့် သေတ္တာလေးအားကမ်းပေးလာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now