Ch.35- Cluck cluck, cluck cluck cluck

347 73 1
                                    

|| Unicode ||

     [ ပထမနေ့ ရဲ့ တာဝန်ပြီးမြောက်ပါပြီ ]

     တာဝန်ပြီးမြောက်မက်ဆေ့မှာ ထင်းကန်းသတိတရားမှနေ၍ သူစိတ်ထဲပေါ်လာ သူရှိနေသောအိပ်ဆောင်မှာ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်ချမ်းသွားသည်။ လျှပ်စစ်ပန်ကာသည် ဖြည်းညှင်းတည်ငြိမ်စွာလည်နေ၍ အဖြူအစိမ်း နံရံမှာလည်း သန့်စင်နေပြီး လေထဲတွင်အိမ်သာရေနံ့ဖြင့် ပြည့်နေသည်။ ယင်နှင့်တစ္ဆေချီအားလုံးပျောက်ကွယ်သွားသောအခါ နွေလယ်ညမှာ အိပ်ဆောင်သည် အနည်းငယ်ပင်ပူနေသလို။

    "ငါနည်းနည်းကြောက်လာပြီ"

    အိပ်ရာနံပါတ်၁မှာ‌မိန်းကလေးတီတိုးပြောလာသည် " အိပ်ရာဝင်ကြရအောင် "

    "ဟ ဟ ဟ ဟ လူတွေကိုအသွင်နဲ့အကဲဖြတ်မရဘူး ။ ဝူးရုန်းမှာဒီလိုကြောက်စရာကောင်းတဲ့ တစ္ဆေပုံပြင်ရှိမယ်လို့မထင်ထားဘူး။ ဟ ဟ ဟ "

    အိပ်ရာနံပါတ်နှစ်မှမိန်းကလေးတုန်ယင်စွာရယ်မော‌လေသည်။

    "ငါတို့‌ဒါကိုပြောနေတာရပ်လို့ရမလား "

    အိပ်ရာနံပါတ်သုံးမှမိန်းကလေး ‌ငိုယိုကာ " ငါကြောက်နေပြီ မနက်ဖြန်နေတောင်မ‌မြင်ရနိုင်တော့ဘူး "

    "ဝူးရုန်း ပြောနေတာရပ် ပြောနေတာရပ်လိုက်တော့ လူတိုင်းကြောက်နေပြီ "

    အိပ်ရာနံပါတ်လေးမှမိန်းကလေးသည် အော်ဟစ်ငိုယိုကာ သူ‌ရဲဘောကြောင်မူကို အကြွင်းမဲ့ဝန်ခံလာသည်။

    အိပ်ရာနံပါတ်၅နှင့် ၆မှမိန်းကလေးများတိတ်ဆိတ်နေပြီး ဖောင်းပွနေသော စောင်ထဲမှ ဟောက်သံများထွက်လာကာ စက္ကန့်အနည်းငယ်အတွင်အိပ်ပျော်သွားသကဲ့သို့ သို့သော် ဟောက်သံမျာအနည်းငယ်အတုယောင်ဆန်လှသည်။

     "ရုန်းရုန်း"

    အိပ်ရာနံပါတ် ၈မှာ ချီဖန်းဖန်းအိပ်ရာမှထလာ၍ ဝူးရုန်းဆီအမြန်လျှောက်လာပြီး လက်ကိုယူလိုက်ကာ သူနောက့်သို့ပို့လိုက်လျက် တီတိုးပြောလာသည် " ရုန်၊ ရုန်းရုန်း နင်ူ မကြောက်နဲ့ တခုခုဖြစ်လာရင် ငါနင့်ကိုကာကွယ်ပေးမယ် !"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now