Ch.42-Róngróng, Róngróng

273 58 5
                                    

|| Unicode||

    [ ဒုတိယနေ့ တာဝန် : ချီဖန်းဖန်းကိုအဖြေပေးပါ]

    [ အောင်မြင်မှုအတွက်ဆုကြေး : ကျားဖိနိုပ်အဆောင် ]

    [ ကျဆုံးမှုအတွက် ပြစ်ဒဏ် : ပြုတ်ကျခြင်း ]

   ပြုတ်ကြခြင်းက ဘာကိုဆိုလိုတာလဲ?

    သန်းခေါင်အချိန်တွင် ထင်းကန်း၏အသိတရားမှာတာဝန်မှာ အချိန်မီဝူရုန် အသိထဲထွက်ပေါ်လာခဲ့သည်။ လှုံဆော်ခံရမှုကြောင့် သူ ချီဖန်းဖန်းကိုကြည့်လိုက်မိသည်။ အရင်နှစ်ရက်နှင့်ယှဉ်လျှင် သူမသည် အနည်းငယ်ကွဲပြားနေလေသည်။

    ပထမဆုံးတွေးစဉ်ကပင် ဝူရုန်သည်ချီဖန်းဖန်းကအလွန်ထူးခြားနေသည်ကိုတွေ့ရှိခဲ့ပြီးဖြစ်ကာ သူမတွင် သူကိုပြောမပြနိုင်သောစွဲလန်းမှုတစ်ခုရှိနေသည်။ အခါအားလျော်စွာဖြစ်လာသည့်များစွာသောဖြစ်ရပ်များတွင် သူမသည် ထူဆန်းစွာပြုမှုတက်ကာ ဖုချင်းကိုစတွေ့စဉ်ကသူမ၏ရန်လိုသောအပြုမှု၊သူတစ္ဆေပုံပြ‌င်ပြောသောညက သူ့ကိုကာကွယ်ပေးမည်ဟုဆိုသောကတိ၊ ယနေ့ဆွဲကြိုးချကြိုးပေါ်တွင်စားလိုက်စဉ်ကရောင်ပြန်ဟပ်လာသောသွေးတစ္ဆေအနှစ် သို့မဟုတ် ဆုကျင်းကျင်းကိုတချက်တည်းဖြင့်သတ်လိုက်သောမကောင်းဆိုးဝါး ထိုအရာအားလုံးမှာ ချိဖန်းဖန်းသည် ထူးခြားကာ သွေးအနည်အနှစ်များနှင့်ရှင်းမပြနိုင်သောဆက်သွယ်မှုရှိနေမည်ဟုသက်သေပြနေသည်။

    သို့သော်ယခုတွင်မူ သူကိုယ်ပေါ်မှနတ်ဆိုးခံစားချက်မှာပျောက်ကွယ်နေပြီး သူမ၏ဝူရုန်အပေါ်ကြည့်လာတိုင်း အရူးအမူးအာရုံစိုက်ထားမှုနှင့်တွယ်ကပ်မှုသည်လည်းပျောက်ဆူံနေသည်။ သူမသည်အနည်းငယ်စိုးထိတ်ကြောက်လန့်နေကာ__ သမိုးအစစ်ထဲမှပုံစံနှင့်တူနေကာ သူမသည် သာမန်အထက်‌တန်း‌ကျောင်းသူသာဖြစ်နေသည်။

    ဒါကသူ့ဘာသာထပ်ခါထပ်ခါဖြစ်နေတဲ့သမိုင်းလို့ခေါ်တဲ့အရာလား? အရင်ကချီဖန်ဖန်းမှာမည်မျှပင် ရက်စက်ဆိုးဝါးနေပါစေဤညတွင်တော့ သွေထဲဝါးမြိုခံရမည့် ရိုးရှင်းလှသည့်အထက်တန်းကျောင်းသူဖြစ်ပါတော့သည်။

   ဝူရုန်တိတ်ဆိတ်နေသည်ကိုကြည့်၍ ချီဖန်းဖန်းသည် ခရုတစ်ကောင်မှဂရုတစိုက်နှင့်ဦးမှင်ကိုဆန့်ထုတ်ပြီး‌နောက်မှပြန်ရုတ်သိမ်ူလိုက်သကဲ့သို့ သူမ၏တောင်းဆိုမှုအတွက် နောင်တရသွားပြီး ရှက်ရွံစွာဖြင့်ဆိုသည် " မေ့လိုက် မေ့လိုက်တော့ ငါ့ဘာသာငါသွားလိုက်__"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now