Ch 69 - Yaaang

217 37 7
                                    

|| Unicode ||

      "‌မောနင်း"
 
     "မောနင်း"

     မနက်ငါးနာရီထိုးပြီးသည့်အချိန်တွင်တော့မနက်ခင်းလေ့ကျင့်ခန်းလုပ်ရမည့် အချိန်ဖြစ်သောကြောင့် ဖုချင်း အလိုလျောက်ပင် နိုးလာသည်။ သူပထမဆုံးမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် တောက်ပသော လိမ္မော်နီရောင်မှာ ခုထိမပျောက်ကွယ်သေးသဖြင့် သူ၏မျက်ဝန်းထဲ၌ မနက်ခင်းအလင်းရောင်ရောင်ပြန်နေသည်နှင့်တူသည်။ သူမျက်လုံးလုံးဝပွင့်သွားသည့်အခါ အရင်ကဖြစ်ခဲ့သော ‌တမူထူးခြားနေ သည့်မှောင်မိုက်နေမှုများ ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်သည်။

    မဟုတ်သေးဘူး အရင်နေ့များတုန်းကနှင့်မတူညီပေ။

    ဝူရုန် မျက်နှာ ဖုချင်း၏မျက်ဝန်းထဲထင်ဟပ်လာသည်။ ဝူရုန်ကြည့်ရသည်မှာ သူ့ကိုကြည့်ပြီး တစုံတရာတွေးတောနေဟန်ရှိကာ ဖုချင်းမှ ထိုအချိန် တွင် နိုးလာလိမ့်မည် ဟု သူ မထင်ထား‌မိသဖြင့် နှစ်ဦးသားတစ်ဦးကိုတစ်ဦးမလွဲဖယ်ပဲကြည့်နေကြသည်။

    "မနေ့ညကအတွက်ကျေးဇူးတင်ပါတယ်"

     ဖုချင်းခေါင်းငြိမ့် ပြလိုက်ပြီး သူ၏လေသံနှင့် ဂုဏ်သိက္ခာရှိမှုများသည် အရင်ကနှင့်တူ‌ညီနေစဲဖြစ်ကာ အနည်းငယ်မသက်မသာခံစားနေရသောဝူရုန် စိတ်သက်သာရာရသွားပြီး သူခြောက်ကပ်စွာပြန်ဖြေသည် " ဟုတ်ပြီ "

     ပြတင်းပေါက်ကိုဖြတ်လာသော နေရောင်သည် ဖုချင်း နှင်းဖြင့်ထွင်းထုထားသောမျက်မှာပေါ်ထင်ဟပ်လျက်ရှိသည်။ ဟိုတယ်မှပေးထားသောညဝတ်အင်္ကျီနှင့် ဖရိုဖရဲဖြစ်နေသည့်ဆံပင်နှင့်ပင်လျှင် ဖုချင်းသည် မပျော်အပါးမလိုက်စား‌၍ အေးစက်သောစိတ်နေသဘောထားကို သူ့၏အရိုးထဲ၌ထွင်းထုထားသလို့ထုတ်လွှတ်ပေးနေစဲဖြစ်၍ မြောင်ကူရှဲ့‌တောင်တန်းတွင်နေထိုင်သော နန်ဘုရားတစ်ပါးရှိကာ သူ့၏အသားအရေမှာ နှင်းနှင့်ရေခဲများကဲ့သို့ သူ့၏အလှပမှာ အပျိုစင်နှင့်တူသည် ဟူသည့်စာအုပ်ထဲကလို မည်သူတစ်ဦးမှသူနှင့်ပတ်သတ်ပြီး မဟုတ်မဟုတ်မမှန်မပြောရဲအောင်ဖြစ်စေသည်။

    သို့သော်လည်း ဝူရုန်၏စိတ်ထဲတွင် ယမန်နေ့ညလယ်အတွင်းဖြစ်ပျက်ခဲ့သည့် မြင်ကွင်းဖြစ်သော ဖုချင်း၏ငေးမော ဆွတ်စိုနေသောမျက်ဝန်း မျက်ဝန်းထောင့်များမှရှက်သွေးဖြာနေမှုများ သူ၏အာရုံစိုက်နေမှု မျက်ဝန်းနက်များ ကိုပြန်လည်မြင်ယောင်နေပြီး ဘာမှမဖြစ်သလိုခဲ့သလို ပုံမှန်အတိုင်းဖြစ်ပွားခဲ့သယောင်ဟန်ဆောင်လိုက်ရန်ကြံရွယ်လိုက်တော့သည်။ ဘယ်သူကများထင်ထားပါ့မလဲ ကျုံးကူသည် မနေ့ညမှဂန္ဓဝင်မြောက်မြင်ကွင်းအားလုံးအား မှတ်မိနေမည်ဆိုတာကို‌ပေါ့။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now