Ch 7 Dingding raise the ghost...

649 95 0
                                    

Unicode

     " အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ အန်တီ ငါကြက်သီးတောင်ထလာပြီ "

     သက်လက်ပိုင်းလူကြီးက လက်မောင်းများကိုပွတ်သပ်ရင်း အအေးဓာတ်ကိုခံစားလိုက်ရသည် " အခန်းစစ်လာမှပြောကြရအောင် ကြောက်စရာကောင်းလိုက်တာ "

     "ဝူရုန်!"

     သူတို့အတွဲကော်ရစ်တာမှ နွေးထွေး‌၍ဖော်ရွေသောအသံနှင့်အတူ သံပုရာရနံ့ လေသန့်စင် အမွှေးနံ့ပါရောထွက်လာသည်။ ၎င်းသည် ရထားတွဲထဲရှိ တင်းကြပ်နေသောလေထုကိုဖြိုဖျတ်လိုက်သည်။ ဝူရုန်ထိုအသံနှင့် ရင်းနှီးသလိုခံစားရသည်။ သူကြည့်လိုက်သောအခါ အရပ်ရှည်ရှည်အမျိုးသားကျိုးရွှမ်သည် ယူနီဖောင်းနဲ့ မျက်နှာဖုံးတပ်ထားကာ တံခါးဘောင်မှီလျက် ရင်ဘက်ကတံဆိပ်ကိုလက်နဲ့တောက်လိုက်ပြီး ပြုံးနေသည်ကိုတွေ့လိုက်ရသည်။

     " မထင်မှတ်ပဲ ကျွန်တော်က ဒီအတွဲရဲ့ ကြီးကြပ်သူ အကိုကျိူရွှမ်ပါ "

     " အာ ဘာလို့ရှောင်ဟွားအော်နေလေလဲ ပြောနေတာ။ ဒါကရဲပါ။ မင်းလာတာအံ့ဩစရာမရှိတော့ဘူး။ ဒါလေးက ငယ်ရွယ်ပြီးအတွေ့ကြုံမရှိသေးတော့ အိမ်မွေးတစ္ဆေနဲ့ တစ္ဆေရိုင်း မခွဲတက်သေးဘူးလေ။ ငါ့ကိုခွင့်လွတ်ပါ ။ အိမ်မှာက ကြက်ဥနိုင်တဲ့ ကြက်တွေအများကြီးပဲ။ သူတို့အားလုံးကအရမ်းကောင်းပါတယ် "

     ထိုသို့ပြောရင်းအန်တီကြီးသည် ကျိုးရွှမ်လက်ထဲသို အိမ်ကြက်ဥများ လယ်ကြက်ဥများ ကိုစိတ်အားထက်သန်စွာထိုးပေးနေလေသည်။ ရထားတွဲမှ တခြားသူများသည်လည်း ကျိုးရွမ်ကိုလေးစားကြသည်။တခြားသူများမှာအန်တီ‌ကဲ့သိုစိတ်အားထက်သန်မူမရှိသော်လည်း ကျိုးရွှမ်ကိာတယောက်ပြီးတယောက်နူတ်ဆက်လာကြသည်။ တယောက်ပြိးတယောက်သွားလိုက်လာလိုက်ဖြစ်နေသည်ကိုကြည့်ရင် ကျိုးရွှမ်သည် ဤနေရာက စကားပြောလို့မကောင်းမှန်းတွေးမိပြီး ဝူရုန်ကိုမျက်လုံဝံ့ပြလိုက်၍ နှစ်ယောက်အတူအပြင်ဘက်တွင်ဆုံလိုက်သည်။

     " ဒါငါ့သီးသန့်အထူးတွဲပဲ။ တခုခုလိုတာနဲ့ငါ့ကိုခေါ်လိုက်"

     ကျိုးရွှမ်သည်လက်‌ဗွေဖြင့်တခါးဖွင့်လိုက်ပြီး ဝူရုန်ကိုအထဲသို့ခေါ်လိုက်သည်။ အခန်းသည်အရမ်းကြီးမကြီးပေ။ သေးသော်လည် စာကလေးပေမယ့်အတွင်းအင်္ဂါအားလုံးစုံ သကဲ့သို့ ဝူရုန်နေရသောအိပ်ရခတ်သည့် နေရာထက်ပိုသာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now