Ch.31-Gah! Caw,caw! Caw caw caw! Caw~

397 79 1
                                    

|| Unicode ||

     "ဘယ်နည်းမဆို ငါတို့မှာ အချိန်အများကြကီးမရှိဘူး"

    ဆရာသခင်အိုကြီးသည် သူပုတီးများကိုပွတ်သပ်လျက် သူ့မျက်ခုံးဖြူများ တုန်ယင်နေကာ: " ဆရာသခင်ကုချန် ဒီမတော်တဆကြောင့် ဟွေ့ရှင်းကို ဝင်ခွင့်ပြုလိုက်တာလား ?"

    "အမီတဘ"

    ဆရာသခင်ကုချန် : " အမှန်က အာ့မှာ ကျွန်တော်ထပ်ပြီး အတည်ပြုရမယ့်အရာတချို့‌ရှိနေတယ် "

    "မီးအိမ်နဲ့ တစ္ဆေဘုရင်က မွေးဖွားလာတည်းက ပုဏ္ဏာမျိုးနွယ်တ‌စ္ဆေနယ်မြေထဲ မှာ ရှိနေခဲ့တာ။ ဒီတခါ သူရုတ်တရက်ကြီး မိုင်ထောင်ပေါင်းများစွာကိုဖြတ်ပြီး အရှေ့အရပ်ကိုတည့်တည့်ကြီးလာနေတာ။ အာ့တာက ပိုင်နက်ချဲ့ထွင်တာနဲ့ မတူပဲ ထွက်ပြေးနေတာနဲ့ ပိုတူနေတယ်။ တခုခုတော့ မူမမှန်တော့ဘူး"

    "ငါရဲ့လူအိုကြီးကတော့ ထင်ထင်ရှားရှားကို ခ့်မှန်းနေခဲ့တာက ကြီးမြတ်တဲ့ ယွိဖော်တန် ထင်းကန် ((T/N တစ္ဆေပြန်လည်ဖြစ်တည်မူဖြစ်ရပ်များစတင်စဉ်ကထွက်ပေါ်ခဲ့သော ထင်းကန်၇ခုထဲမှတစ်ခု)) ထဲမှာ တခုခုတော့ မူမမှန်တာဖြစ်နေပြီတဲ့။ အာ့လိုမှမဟုတ်ရင် မီးအိမ်တစ္ဆေဘုရင်က သူရဲ့တစ္ဆေနယ်မြေထဲကနေမြန်မြန်ထွက်ပြေးလာရတဲ့အကြောင်းရှင်းပြရခက်သွားလိမ့်မယ်"

    "နံပါတ် 444 ထင်းကန်က စိတ်ဝိဉာဉ်ပြန်လည်ဖြစ်တည်အစောပိုင်း နေ့ရက်တွေကပေါ်လာခဲ့တဲ့ ထင်းကန်ဟောင်းတစ်ခုဖြစ်တော့ သူနဲ့ ကြိးမြတ်တဲ့ထင်းကန်ကြီး ခုနှစ်ခုကြားမှာ ရှင်းမပြနိုင်လောက်တဲ့ ဆက်သွယ်ချက်အချို့ ရှိကိုရှိရမယ်။"

    အလုပ်ကိစ္စပြောသည့်အခါ ပိန်းပါးသောထန်းရှီသည် တည်ကြည်နေကာ : " ကျွန်တော့်မှာ  ဉာဏ်ပညာအနည်းပဲရှိတာ စိတ်မကောင်းစရာပဲ ထင်းကန်ရဲ့ ဖြစ်ရပ်တွေကို မတွက်ချက်နိုင်တဲ့အတွက် တကယ်ရှက်စရာပဲ။ ဒါပေမယ့်ကျွန်တော်သိသလောက်ကတော့ ဆရာက ယိချန်ကို လဝက်အတွင်း မီးအိမ်နဲ့တစ္ဆေဘုရင်ကို တွက်ချက်ပြီးကောက်ချက်ချဖို့ လာရန်ဆုံးဖြတ်ထားတယ်ဆိုပဲ"

    "ဆရာသခင် လင်းယွင်ကလည်း ဒီတကြိမ် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာ‌တော့မှာမို့ ကျွန်တော်တို့တော့ တကယ်ကောင်းချီးပေးခံရတာပဲ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now