CH-59. Woof woof team had made great contributions

229 46 0
                                    

|| Unicode ||

    ဒါအိမ်မက်လား ငရဲလား?

    ဆုရှောင်းမီ သူတကိုယ်လုံး ကုန်ကားအစီးတစ်ရာနက်ကြိတ်ထားသလိုခံစားနေရသည် သူတကိုယ်လုံးနာကျင်နေပြီး အော်ဂလီဆန်၍ကိုရို့ကားရားနိုင်သောအိမ်မက်ဆိုးကသူ့အားမွန်းကြပ်စေကာ စက်ဆုပ်ဖွယ်လူအိုကြီးယန်၊ ရက်စက်ကြမ်းကြုတ်လှသည့် လီလောင်စန်းနှင်တခြားသူတို့မျက်နှာတို့မှာအိမ်မက်ဆိုးထဲ၌ ပရမ်းဗတာဖြစ်နေကာ မကောင်းဆိုးဝါးများအဖြစ်ပြောင်းလဲသွားတော့သည်။ဆုရှောင်းမီသည် သူ့ရင်ဘက်ပေါ်၌လေးလံသော တစုံတရာရှိနေသကဲ့သို့ မလွတ်မြောက်နိုင် သူလည်ချောင်းထဲ၌စွဲကျန်နေသောသွေးနံ အလွန်တရာအသက်ရူရခက်နေသည်။

    မဟုတ်ဘူး မဟုတ်ဘူး မဖြစ်ဘူး။

    'ကလင် ကလင် လင်___'

     ရုတ်တရက်ဖုန်းမြည်သံက ဆုရှောင်းမီ၏အတွေးနက်များထဲပြန့်ကျဲနေသောအသိတရားများကို ရုတ်ချည်းပြန်စုစည်းမိသွားစေသည်။

    အကို ဟုတ်တယ် ငါ ငါ့အကိုကိုရှာရမယ် ။

    ငါကအခုအရမအန္တရယ်များတဲ့အခြေနေထဲရောက်နေတာမို့ သတိလစ်သွားလို့မရဘူး။

    သူ၏စွဲမြဲမြံလှသည့်စိတ်စွမ်းအားက သူအားထိုပြင်းထန်လှသောနာကျင်မှုများကြားမှနိုးကြားစေနေသည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ အညိုရောက်မြေ ခေါင်းအပေါ်ဘက်မှကျောက်သားများကြောင့် သူတွေဝေသွားသည်။

    ငါသေသွားလို့ မြေမြုပ်ခံလိုက်ရတာများလား

     မဟုတ်အကယ်၍သူသာ လီလောင်စန်းလိုလူရဲ့လက်ထဲမှာသာသေခဲ့ရင် သဲကန္တရထဲအလောင်းချန်ထားခဲ့ရင်တောင် အရမ်းကိုကောင်းနေပြီ။

    ဆုရှောင်းမီထေ့ငေါ့ကာတွေးလိုက်သည်။

    ရွံစရာကောင်းတဲ့လူယုတ်မာ လူအိုကြီးဆိုရင်မပြောပါနဲ့တော့။

    ဆုရှောင်းမီလည်ချောင်းထဲမှသွေးနံ့ထပ်ရလာပြန်သည် အော်ဂလီဆန်ကာ ပျို့အန်ချင်သဖြင့် သူလည်ချောင်းအနည်းငယ်လူပ်ရှားသွားသည်။ သူလည်ပင်းပေါ်ရှိတစုံတရာကိုက်ဝါးနေသော ခံစားချက်နှင့် သားရိုင်းတစ်ကောင်၏နူးညံ့သောအမွေးကြောင့် ဆူရှောင်းမီတန့်သွားကာ အလိုအလျောက်ပင် ထိုအရာအားပြင်းထန်စွာထိုးလိုက်သဖြင့် အဝေးသို့ပြေးသွားသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now