Ch.8 Rebirth of the Child Ghost

545 90 0
                                    


Unicode

ဝူရုန်မလူပ်ပါ။

ဖုန်းသံသည် အချက်ပေးသံနှင်သည်။ သူ့အိပ်ရာအောက်မှလာနေသောအသံသည် အဆိပ် ရှိ မြွေတစ်ကောင်သူ့အပေါ်တွားသွားနေသည်နှင်တူသည်။ အေးစက်ပျော့ပြောင်းရဲ့မသတီစရာကောင်းသည်။မျက်လုံးပိတ်ထားသောအကြောင့်အမှောင်ထဲတွင်တခြားအာရုံမျာူကပိုထင်ရှားသည်။ ဝူရုန်ကိုယ်ပေါ်သို့ရေခဲတုံးပြုတ်ကျသလိုလေအေးများတိုက်သွားလေသည်။

" ဘုရင်ကြီး၊ ငါဒီမှာ ငါဒီမှာမင်းကိုစောင့်နေခဲ့တာ "

ကလေးအသံသည်ကြည်လင်၍ နီးလာလိုက်ဝေးလာလိုက်ဖြင့် တခြားဆူညံနှောက်ယှက်မူများမရှိပဲ ဝူရုန်စိတ်ထဲတိုက်ရိုက်ရောက်လာ‌သည်။

" တစ္ဆေချီကို အလွယ်တကူမဖယ်ရှားနိုင်ပါဘူး ဒါ့မယ့်ဘသူကအကာကွယ်စည်း ပေးလိုက်တာလဲ မုန်းလိုက်တာ"

စည်းစာသားအလုပ်မလုပ်တာအံ့ဩစရာမရှိတော့ဘူး။

အပူချိန်ကပိုကျလာပြီး တစ္ဆေလေးက ကလေးဆန်ဆန်ပိုပြုမူလာသည်။ ရထားတွဲထဲမှာတခြားသူများသည်အအေးဓာတ်ကိုခံရသောကြောင့်တုန်ယင်နေသော်လည်း သူကအနည်းငယ်သာအေးသည်။

အအေးဓာတ်ကအလွန်သက်တောင့်သက်သာရှိပြီး နွေပူပူတွင် လေးအေးပေးစက်ရှိသောအခန်းထဲလမ်းလျှောက်ရသလိုအလွန်နေလို့ကောင်းသည်။ သူ့အချုပ်အနှောင်ကိုလွတ်သည်အထိအားကိုချွေတာနေပြီး စကားမပြောပေ။သိပ်မကြာမီတွင် သူ့ပင်ကိုယ်စရိုက်ပျောက်သွားပြီး အသံမှာနူးညံ့လာကာဝူရုန်၏တိတ်ဆိတ်မူနှင်အသားကျနေသလို အလိုလိုက်ခံရသောကလေးအလား အသံဆွဲ၍ပြောလာသည်။

" ဘုရင်ကြီး ငါမင်းကိုအရင်ရှာတွေ့တာ မင်းအလျော်ပေးရမယ် "

"ငါ့ကိုမင်းခြေထောက်တဖက်ပေးစား"

တစ္ဆေလး လောဘ တကြီးသွားရည်သုပ်လိုက်သည်။ သူသည် သွေးထွက်သံယိုကြောက်စရာကောင်းသေယအရာကို ဖြူဖြူစင်စင်ကလေးအသံနဲ့ပြောလာသည်။ ဝူရုန်နှင်ပင်ဆွေးနွေးလိုက်သေးသည်။ " ငါခြေတဖက်ပဲစားမှာပါ မနာစေရဘူး ဘလိုပဲဖစ်ဖစ်အရိုးဖြူတစ္ဆေရဲ့အကျွင်းအကျန် ဝိဉာဉ်ကနေ မင်းကပြန်ကောင်းလာမှာ။ ငါ့ကိုနည်းနည်းလောက်ပေးပါ။ ငါမင်းကိုအရင်ရှာတွေ့တာလေ "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now