Ch.47.1-Lala-Lalaa

259 60 7
                                    

|| Unicode||

    ဤနာကျည်းချက်တစ္ဆေမှာထွက်မပြေးသည့်အပြင် ထွက်လာရဲသည်မှာအံ့ဩစရာမရှိတော့။

    ဤနေရာတွင်အချိန်ကြာမြင့်စွာနေပြီး‌နောက်တွင် ဝူရုန်သည်သူကိုယ်ပေါ်မှ ယင်စွမ်းအင်များမှာ တစ္ဆေကြီးထက်ပို၍သိပ်သည်းလာသည်ကိုခံစားမိသည်။ နာကျည်းချက်တစ္ဆေအတွက် ဝူရုန်မှာ လေနှင့်အတူပါလာသောမွှေးရနံ့နှင့် အလွန်တရာအရသာရှိလှသော အစားအစာဖြစ်ပေသည်။ နာကျည်းချက်တစ္ဆေများနှင့် နတ်ဆိုးဝိဉာဉ်များပိုပိုများလာကာဝူရုန်အား အသားနံ့ရသည့် ဆာလောင်နေသောသားရဲများကဲ့သို့ တိုက်ခိုက်လေတော့သည်။ ကျက်တီးတောင်ကုန်းနှင့်ကပ်လျက်ရှိနေ၍ဖြစ်နိုင်သည် ဤတစ္ဆေအရေတွက်မှာ ဝူရုန်ပထမဆုံးတွေကြံရသည့်တစ္ဆေအုပ်နှင့်စာလျှင်နည်းပါးလှကာ မသေနိုင်သည့်ကျီးကန်နှင့် ခေါင်းပျံ့အနည်းငယ်ပင်ကောင်းကင်ယံ၌တွေ့ရသည်။

    ဝူရုန်အေးစက်စွာဖြင့်‌ ရှေးမြှောင်ဒေါင်ကိုထုတ်လိုက်ပြီး သူ‌ပုခုံးပေါ်ရှိ မြွေစိမ်လေးသည်လည်း သတိနှင့်ရပ်လိုက်ကာ လျှာထုတ်၍တွန်လိုက်သည်။ ပထမဆုံး‌ပေါ်လာသည့်နာကျည်းချက်တစ္ဆေနှာတစ္ဆေကြီးရှေ့သို့ရောက်နေပြီဖြစ်ကာ ဝူရုန်ဆီသို့မည်သည့်အတားအဆီးမှမရှိသကဲ့သို့လောဘတကြီးလှမ်းလာနေသည်။

    ထိုအချိန်__

    Tear!

    တကယ်တမ်းတွင် နာကျည်းချက်တစ္ဆေကိုဆုတ်ဖြဲစဉ်တွင် မည်သည့်အသံမျှမထွက်သော်လည်း ဝူရုန်သည် စက္ကူဆုတ်ဖြဲသံမျိုးမရည်ရွယ်ပဲကြားလိုက်ရသည်။ ၎င်းသည် တစ္ဆေကြီးရှေ့တွင် စက္ကူတစ်စလို ကျိုးကြေလွယ်‌သောကြောင့်ပင် သူ မအော်ဟစ်မှီ တဝက်ခန့်ဆုတ်ပြဲနေပြီဖြစ်သည်။ တစ္ဆေကြီး၏အဟုန်မှာ မရပ်တန့်ခဲ့ သူရှေ့တွင်နာကျည်းချက်ဝိဉာဉ်များနှင့်တစ္ဆေရာပေါင်းများစွာရှိကာ ခေါင်းပျံများသည်အော်ဟစ်ကာဝူရုန်ဆီတဟုန်ထိုးတိုက်ခိုက်ကြသည်။

     သို့သော်ထိုတစ္ဆေအားလုံးကိုတစ္ဆေကြီးမှ ပေါ့ပါးစွာချေမှုန်းခဲ့သည်။ အရင်ဟူရှင်းကိုတိုက်ခိုက်စဉ်က ဝူရုန်သည်တစ္ဆေကြီးဆီမှ တားဆီးခံထားကသဖြင့် မတွေ့ရသော်လည်း အခု‌တွင်တော့ဝူရုန်တွေ့ရပြီဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now