Ch 60- Gooold,gold

224 39 0
                                    

|| UNICODE ||

    "အာ အကိုခွေးက သူ့အတွက်သူ ညီငယ်လေးတစ်ကောင်ကိုပြန်ပေးဆွဲလာတာလား?"

    တစ္ဆေခွေးကြီးခေါ်လာခဲ့သည့်စိတ်ဝိဉာဉ်ခွေးမှာ ဟွမ်မောင်နှင့် မြွေပါလေးတို့၏ဝန်းရံထားခြင်းခံထားရသည်။ ၎င်းမှာ သေးငယ်ကာ အမွှေးပွ‌လေးများနှင့် အဖြူရောက်‌ဆန်စေးကိတ်လေးကဲ့သို့ လုံးဝန်းကာချစ်စရာကောင်းလှသည်။

    ထိုအရာလေးမှာ တစ္ဆေပိုင်နက်အတွက် အလွန်အကျွံထိတ်လန့်နေခြင်းသာရှိသည်။ သူရှေ့တွင်ခွေးတစ္ဆေတစ်ကောင်အဖြစ်ပြောင်းသွားသောခွေးတစ္ဆေဘုရင်ကြီးအားကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကိုကကြည့်လိုက်ပြန်သည်။ သူ၏ငုပ်ကျနေသောနားရွက်များက ထိတ်လန့်စွာထောင်မတ်နေသည်။ ရန်သူမှာ ခွေးကြီးအားကြည့်ပြီးနောက် သူ၏သေးငယ်သောသွားဖြူလေးများကိုဖြဲပြနေသည်။

    " Bark,woof!"

    Pa!

    ခွေးတစ္ဆေကြီးသည့်‌စိတ်ဝိဉာဉ်ခွေးလေးအားမြေပေါ်သို့ရိုက်ချလိုက်သည်။ စိတ်ဝိဉာဉ်ခွေးများသည့်အမြဲတစ္ဆေဖြောင့်မတ်ကာသစ္စာရှိကြ၍တည်ကြည်မြဲမြံသောစိတ်ဝိဉညဉ်များဖြစ်လေသည်။ မြေပေါ်သို့ရိုက်ချခံရပြီးနောက်ချက်ချင်းပင်မြဲမြံစွာပြန်ထလာသော်လည်း ခွေးတစ္ဆေကြီး၏ချက်ချင်းတွန်းချမှုကိုခံလိုက်ရပြန်သည်။ ပက်လက်လန်ကျသွားပြီးနောက် သူ၏ဗိုက်သားပေါ်လာကာ ခြေလေးချောင်းမှာလည်း လိပ်တစ်ကောင်ကဲ့သို့ယက်ကန်ယက်ကန်ဖြစ်နေတာ အကူညီမဲ့နေသည်။ အရွယ်အစားကွာခြားရုံမက ခွန်အားကွာခြားမှုမှာလည်း ကြီးလှသည်။ ‌စိတ်ဝိဉာဉ်ခွေးလေးမှာ ခွေးတစ္ဆေကြီး၏လက်ဖဝါးထက်အနည်းငယ်မျှသာပိုကြီးသည်။ စိတ်ဝိဉာဉ်ခွေးများမှာ နတ်ဆိုးခွေးတစ္ဆေများ၏ရှောင်လွဲမရသောအကုသိုလ်ဝိပါက်ဟုဆိုသော်ငြား အရိုက်ခံရပြီးနောက်မှာတော့ မည်သည့်ခုခံမှုမှမပြုလုပ်နိုင်တော့။

   အကြိမ်တစ်ရာနီးပါးထိုသို့ပြုလုပ်ခံပြီးနောက် စိတ်ဝိဉာဉ်ခွေးလေးမှာ လဲကျရာမှထမလာခဲ့တော့ပေ။ ၎င်းမှာအနိုင်ကျင့်ခံရသဖြင့် ဝမ်းနည်းပူဆွေးကာအူဟစ်လိုက်ပြီးနောက်စိုးရိမ်သောကများနှင့် သူ့ပိုင်ရှင်အားခေါ်လိုက်သော်ငြားအရင်အချိန်ကများလိုသူပိုင်ရှင်မှာ ချက်ချင်းပေါ်ထွက်လာပြီးမကာကွယ်ခဲ့။ ခွေးတစ္ဆေကြီးမှာ ၎င်း၏အသံမှာ အလွန်တိုးသည်ဟုတွေးလိုက်ပြီး ထပ်မံရိုက်လိုက်ပြန်ရာ အသံမှာ ပို၍ကျယ်လောင်လာသည် ( :') သူများကလေးကိုခေါ်နိုပ်စက်နေကြတာ )

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Donde viven las historias. Descúbrelo ahora